Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 15:3

Judson Bible

သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သော​အား​ဖြင့် သင်​သည် ရန်​သူ​တို့ အ​သွေး​ကို​နင်း၍၊ သင်၏​ခွေး​တို့​သည်​လည်း လျက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် တောင်​ပေါ်​မှာ​နေ​တတ်​သော​ငှက်​များ၊ တော​သား​ရဲ​များ​တို့၏​အ​ဖို့​ဖြစ်၍၊ ငှက်​တို့​သည် နွေ​ကာ​လ၌​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​သည် ဆောင်း​ကာ​လ၌​လည်း​ကောင်း၊ သူ​တို့​အ​ပေါ်​မှာ နေ​ကြ​လိမ့်​မည်။

ငါ့​အ​မွေ​သည် ဇ​ဘော​သား​ရဲ​ကဲ့​သို့ ငါ့​အား​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော သား​ရဲ​တို့​သည် တိုက်​ကြ၏။ လာ​ကြ။ တော​သား​ရဲ​အ​ပေါင်း​တို့၊ စည်း​ဝေး​ကြ။ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​စေ။

သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊

သူ​တို့၏ တ​ရား​နာ​ပ​ရိ​သတ်​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ မ​ယား သား​သ​မီး​တို့​နှင့်​တ​ကွ မွတ်​သိပ်​ခြင်း​ဘေး၊ ဓား​ဘေး​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​လမ်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ မ​သင်္ဂြိုဟ်​ရ။ သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ငါ​ညွှန်း​လောင်း​မည်။

ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ဤ​လူ​မျိုး​အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။

ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ပျက်​စီး​သော အ​ရပ်၌​နေ​သော သူ​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​လိမ့်​မည်။ လွင်​ပြင်၌​ရှိ​သော သူ​တို့​ကို ငါ​သည်​သား​ရဲ၌​အပ်၍ ကိုက်​စား​စေ​မည်။ ရဲ​တိုက်​ဥ​မင်၌​ရှိ​သော သူ​တို့​သည် ကာ​လ​နာ​နှင့် သေ​ရ​ကြ​လိမ့်​မည်။

သင်​တို့၌​ငါ​ပြု​လ​တ္တံ့​သော အ​မှု​ဟူ​မူ​ကား၊ သင်​တို့၌​မျက်​စိ​ပျက်​လျက်၊ စိတ်​ပူ​ပန်​လျက်​ရှိ​စေ​ခြင်း​ငှာ၊ ထိတ်​လန့်​သော​သ​ဘော၊ တူ​လာ၊ ဖျား​နာ​တို့​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​ခန့်​ထား​မည်။ သင်​တို့​သည် မျိုး​စေ့​ကို​ကြဲ​သော်​လည်း အ​ကျိုး​မ​ရှိ။ ရန်​သူ​တို့​သည် အ​သီး​အ​နှံ​ကို​စား​ကြ​လိမ့်​မည်။

သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

သင်၏​အ​သေ​ကောင်​သည် မိုး​ကောင်း​ကင်​ငှက်၊ တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ရ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။

သူ​တို့​သည် မွတ်​သိပ်​ခြင်း​အ​ရှိန်​ကို​ခံ​ရ၍၊ ပူ​လောင်​ခြင်း​ဘေး၊ ပြင်း​စွာ​သော ဖျက်​ဆီး​ခြင်း​ဘေး​အား​ဖြင့် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သား​ရဲ​တို့၏​သွား​ကို​လည်း​ကောင်း၊ မြေ၌​ကျင်​လည်​သော မြွေ​အ​ဆိပ်​ကို​လည်း​ကောင်း၊ သူ​တို့၌ ငါ​စေ​လွှတ်​မည်။

ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ