Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 15:14

Judson Bible

သင်​မ​သိ​သော​ပြည်​သို့ ရန်​သူ​နှင့်​အ​တူ သင့်​ကို​ငါ​သွား​စေ​မည်။ သင်​တို့​ကို လောင်​သော​မီး​သည် ငါ့​အ​မျက်​အား​ဖြင့် ရှို့​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​မျက်​တော်​ထွက်​သော​ကာ​လ၌ သူ​တို့​ကို မီး​ဖို​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အား​ဖြင့် သူ​တို့​ကို မျို​တော်​မူ၍၊ မီး​သည်​လည်း လောင်​စား​ပါ​လိမ့်​မည်။

ထို​ကြောင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ထွက်​ခြင်း ကြမ်း​တမ်း​သော စစ်​တိုက်​ခြင်း​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​ပတ်​လည်၌ မီး​ရှို့၏။ သို့​သော်​လည်း၊ သူ​တို့​သည် မ​သိ​ကြ။ မီး​လောင်​သော်​လည်း၊ သ​တိ​မ​ထား​ဘဲ​နေ​ကြ၏။

ငါ​သည် မြို့​ပြင်​သို့​သွား​သော​အ​ခါ၊ သတ်​သော​အ​သေ​ကောင်​များ​ကို တွေ့​ရ၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ငတ်​မွတ်၍ နာ​ကျင်​စွာ​ခံ​ရ​သော​သူ​များ​ကို​လည်း တွေ့​ရ၏။ ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​သိ​ဘဲ အ​ရပ်​ရပ်​လှည့်​လည်​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇက်​သား မ​နာ​ရှေ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌​ပြု​သော​အ​မှု​ကြောင့်၊ ထို​သူ​တို့​ကို မြေ​ကြီး​ပေါ်​မှာ​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက်​ကို​ခံ​စေ​မည်။

သင်​တို့​နှင့် သင်​တို့၏​ဘိုး​ဘေး​မ​သိ​သော​ပြည်​သို့ ဤ​ပြည်​ထဲ​က သင်​တို့​ကို ငါ​နှင်​လိုက်​မည်။ ထို​ပြည်၌ သင်​တို့​သည် ငါ၏​ကျေး​ဇူး​ကို မ​ခံ​ရ။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို နေ့​ည​မ​ပြတ် ဝတ်​ပြု​ရ​ကြ​မည်။

သင့်​ကိုယ်​တိုင်​လည်း ငါ​ပေး​သော​အ​မွေ​မှ ရွေ့​သွား​ရ​လိမ့်​မည်။ သင်​မ​သိ​သော ပြည်​တွင်၊ ရန်​သူ​လက်၌ သင့်​ကို ငါ​ကျွန်​ခံ​စေ​မည်။ အ​ကြောင်း​မူ​ကား၊ အ​စဉ်​လောင်​သော​ငါ၏​အ​မျက်​မီး​ကို သင်​တို့​သည် မွှေး​ကြ​ပြီ။

အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို​ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။

ထို​ကြောင့်၊ သင်​တို့​ကို ဒ​မာ​သက်​မြို့​တစ်​ဖက်​သို့ သိမ်း​သွား​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ချီး​မြှောက်​သော​ရှင်​ဘု​ရင်​ကို သင်​နှင့် သင့်​ဘိုး​ဘေး​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော လူ​မျိုး​ရှိ​ရာ​သို့ ဆောင်​သွား​တော်​မူ​သ​ဖြင့်၊ သင်​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ