Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 14:4

Judson Bible

မိုး​ပြတ်၍​မြေ​အက်​ကွဲ​သော​ကြောင့်၊ လယ်​လုပ်​သော သူ​တို့​သည် ဦး​ခေါင်း​ကို​ခြုံ​လျက် ရှက်​ကြောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​သည် မိ​မိ​လက်​ကို မိ​မိ​ခေါင်း​ပေါ်​မှာ​တင်​လျက်၊ ထို​ပြည်​မှ အ​မှန်​ထွက်​သွား​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ခို​လှုံ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပယ်​တော်​မူ​သော​ကြောင့်၊ ခို​လှုံ၍ အ​ကျိုး​ကို မ​ရ​နိုင်​ရာ။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

လယ်​လုပ်​သော​သူ​တို့၊ လယ်၌ ရိတ်​ရ​သော အ​သီး​အ​နှံ​ပျက်​သော​ကြောင့်၊ ဂျုံ​စ​ပါး​နှင့် မု​ယော​စ​ပါး​အ​တွက် ရှက်​ကြောက်​ခြင်း ရှိ​ကြ​လော့။ ဥ​ယျာဉ်​ကို ပြု​စု​သော​သူ​တို့၊ မြည်​တမ်း​ကြ​လော့။

မျိုး​စေ့​တို့​သည် မြေ​စိုင်​အောက်​မှာ ပုပ်​ကြ၏။ စ​ပါး​ပြတ်​သော​ကြောင့် စ​ပါး​ကျီ​တို့​သည် ပျက်​ကြ၏။ ဘ​ဏ္ဍာ​တိုက်​တို့​သည် ပြို​ကြ၏။

ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ငါ​ပေး​ဦး​မည်။

ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ