မိုးပြတ်သောအမှုကိုရည်မှတ်၍၊ ယေရမိသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။
ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။
မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည့်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။
သင်တို့ဒုစရိုက်သည် ထိုသို့သောအရာတို့ကိုလွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏မင်္ဂလာကို ဆီးတားလေပြီ။