Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 13:9

Judson Bible

ထို​နည်း​တူ၊ ယု​ဒ​ပြည်၏​ထောင်​လွှား​ခြင်း​ကို ငါ​ရှုတ်​ချ​မည်။ ယေ​ရု​ရှ​လင်​မြို့၏​ထောင်​လွှား​ခြင်း​ကို အ​လွန်​ရှုတ်​ချ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​သ​မျှ​သော ဘုန်း​အ​သ​ရေ၏​မာ​န​ကို အ​ရှက်​ခွဲ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​မှူး​မတ်​အ​ပေါင်း​တို့​ကို ရှုတ်​ချ​ခြင်း​ငှာ​လည်း​ကောင်း ထို​သို့ ကြံ​စည်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊

ထို​လူ​မျိုး​များ​ဟူ​မူ​ကား၊ ယ​နေ့​ရှိ​သည်​အ​တိုင်း လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ သောက်​ရ​သော ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​ပြည်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ၊

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော မာ​န​ဖြစ်၏။ မာ​န​ကြီး​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ စိတ်​နှ​လုံး​မြင့်​ခြင်း ရှိ​သော်​လည်း၊

မာ​န​ထောင်​လွှား၍ ငါ့​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​ကြ၏။ ထို​ကြောင့်၊ သင်​မြင်​သည် အ​တိုင်း​သူ​တို့​ကို ငါ​ပယ်​ရှင်း​ပြီ။

ရှု​ရိ​သ​မီး​များ​နှင့် သူ​တို့​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သင့်​ကို​ကဲ့​ရဲ့၍၊ သင့်​ပတ်​လည်၌ နေ​သော ဖိ​လိ​တ္တိ​သ​မီး​များ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကြ​သ​ဖြင့်၊ သင်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ် မ​ထင်​ရှား​မီ သင်​သည် မာ​န​ထောင်​လွှား​စဉ် ကာ​လ​တွင်၊ သင့်​ညီ​မ​သော​ဒုံ၏​နာ​မ​ကို အ​လျှင်း​နှုတ်​မ​မြွက်။

သင်​တို့ မာ​န​အ​စွယ်​ကို ငါ​ချိုး​မည်။ မိုး​ကောင်း​ကင်​ကို​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကြီး​ကို​ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ ငါ​ဖြစ်​စေ​သ​ဖြင့်၊

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ၏​ဘုန်း​ကဲ့​သို့ ယာ​ကုပ်၏​ဘုန်း​ကို ပြု​ပြင်​တော်​မူ၏။ သုတ်​သင်​သော​သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို သုတ်​သင်၍၊ သူ၏​အ​ခက်​အ​လက်​တို့​ကို ပယ်​ရှင်း​ကြ​ပြီ။

ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။

ငါ​ဆို​သည်​ကား၊ ထို​သူ​သည် အ​ပြစ်​ပြေ​လျက် မိ​မိ​အိမ်​သို့ ပြန်​သွား၏။ ဖာ​ရိ​ရှဲ​မူ​ကား အ​ပြစ်​မ​ပြေ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား၊ နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​သော​သူ​မည်​သည်​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ