Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 13:25

Judson Bible

သင်​သည် ငါ့​ကို​မေ့​လျော့၍၊ မု​သား၌​မှီ​ဝဲ​ဆည်း​ကပ်​သော​ကြောင့်၊ သင့်​အ​ဖို့ ငါ​တိုင်း​ထွာ၍ ပေး​လ​တ္တံ့​သော အ​ငန်း​အ​တာ​ကား ဤ​သို့​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သော​ဆု​လာဘ်​ကို ဘု​ရား​သ​ခင်​သည် လူ​ဆိုး​အား​ပေး​တော်​မူ၏။ ထို​သို့​သော​အ​မွေ​ဥ​စ္စာ​ကို ဘု​ရား​သ​ခင်​ခွဲ​ဝေ​စီ​ရင်​တော်​မူ​သည်​ဟု မြွက်​ဆို၏။

မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။

မ​တ​ရား​သော​သူ​တို့​နှင့် ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် မ​ရ​ဏ​နိုင်​ငံ​သို့ နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ ယာ​ကုပ်​အ​မျိုး၏​ဘုန်း​သည် လျော့၍၊ ဆူ​ဝ​ခြင်း​လည်း ပိန်​ကြုံ​ခြင်း​ဖြစ်​ရ​လိမ့်​မည်။

သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊

သူ​တို့​ကို စာ​ရေး​တံ​ပြု​လျက်၊ လက်​တော်​နှင့် မျဉ်း​ကြိုး​ကို​တန်း​လျက်၊ သူ​တို့​နေ​ရာ​ကို ခွဲ​ဝေ​တော်​မူ၏။ သူ​တို့​သည် ထို​ပြည်​ကို အ​မြဲ​အ​မွေ​ခံ၍၊ အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​နေ​ရ​ကြ​လိမ့်​မည်။

သင်​တို့၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ တောင်​ပေါ်​မှာ လော​ဗန်​ကို မီး​ရှို့၍၊ ကုန်း​ပေါ်​မှာ ငါ့​ကို​ကဲ့​ရဲ့​သော သင်​တို့​ဘိုး​ဘေး၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း သင်​တို့​ရင်​ခွင်၌ ငါ​ဆပ်​ပေး​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​ဖူး​သော အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်၌ ငါ​ခြင်၍​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။

ငါ၏​လူ​တို့​သည် ငါ့​ကို​မေ့​လျော့၍၊ အ​ချည်း​နှီး​သော​အ​ရာ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ရှေး​ကာ​လ​မှ​စ၍ လိုက်​ဖူး​သော လမ်း​တို့၌ လဲ​တတ်​သော​ကြောင့်၊ အ​ခြား​သော​လမ်း၊ မြေ​မ​ဖို့​သော​လမ်း​သို့ လိုက်​ကြ​ပြီ​တ​ကား။

ငါ၏​လူ​တို့​သည် အ​သက်​စမ်း​ရေ​တွင်း​တည်း​ဟူ​သော၊ ငါ့​ကို​စွန့်​ပစ်၍၊ ရေ​မ​လုံ၊ ပဲ့​ပျက်​သော​ရေ​ကျင်း​တို့​ကို တူး​သော​အား​ဖြင့် ဒု​စ​ရိုက်​နှစ်​ပါး​ကို ပြု​ကြ​ပြီ။

အ​ပျို​မ​သည် မိ​မိ၌​ဆင်​သော တန်​ဆာ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သည် မိ​မိ​ခါး​ပန်း​ကို​လည်း​ကောင်း မေ့​လျော့​နိုင်​သ​လော။ သို့​သော်​လည်း၊ ငါ၏​လူ​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို မေ့​လျော့​ကြ​ပြီ။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ငို​ကြွေး၍ တောင်း​ပန်​သော​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် လမ်း​လွှဲ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​ကြ​ပြီ။

သို့​ဖြစ်၍၊ သင်​သည် ငါ့​ကို​မေ့​လျော့၍၊ သင့်​ကျော​နောက်​သို့ ငါ့​ကို​ပစ်​လိုက်​သော​ကြောင့်၊ သင်​သည် အ​ဓ​မ္မ​အ​မှု​နှင့် မ​တ​ရား​သော မေ​ထုန်​အ​မှု၏​အ​ပြစ်​ကို​ခံ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။

နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ ဆုံး​မ​တော်​မူ​ခြင်း​ကို​မ​ခံ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ မိ​မိ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ မ​ချဉ်း​ကပ်၊

ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။

သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ