ယေရမိ 12:17Judson Bibleသို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နားမထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနုတ်ပယ်ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကိုမီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။