Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 11:23

Judson Bible

တစ်​စုံ​တစ်​ယောက်​မျှ မ​ကြွင်း​ရ။ ထို​သို့ စစ်​ကြော​ရာ​ကာ​လ​တည်း​ဟူ​သော ဘေး​ဥ​ပဒ်​ကို အာ​န​သုတ်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​သေ​သတ်​ခြင်း​ငှာ​ဆောင်​သွား​သော သိုး​သ​ငယ်​ယဉ်​ကဲ့​သို့ ငါ​ဖြစ်၏။ သူ​တို့​က၊ သူ၏​နာ​မ​ကို ရှင်း​ရှင်း​ပျောက်​စေ​ခြင်း​ငှာ၊ အ​သီး​အ​ကင်း​နှင့်​တ​ကွ အ​ပင်​ကို​ရှင်း​ရှင်း​ဖျက်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​မှ သူ့​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​နှင့် ကြံ​စည်​ကြောင်း​ကို ငါ​မ​သိ။

ထို​ကြောင့်၊ သူ​တို့​သွား​သော​လမ်း​သည် မှောင်​မိုက်၌ ချော​တတ်​သော လမ်း​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် တွန်း​တိုး​ခြင်း​ကို ခံ​ရ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​ကာ​လ၌ သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ကို သင့်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​ကို ကျေး​ဇူး​ပြု​ခြင်း​ငှာ မ​ဟုတ်၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​စောင့်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် ပျက်​စီး​ကြ​လိမ့်​မည်။

သူ​ငှား​တို့​သည် သူ၏​အ​လယ်၌ ဆူ​အောင်​ကျွေး​သော နွား​ကဲ့​သို့​ဖြစ်​သော်​လည်း၊ ပျက်​စီး​ခြင်း​နေ့၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန် ရောက်​သော​ကြောင့်၊ သူ​တို့​သည် မ​ရပ်​မ​နေ၊ ကျော​ကို​လှည့်၍ တ​ညီ​တ​ညွတ်​တည်း ပြေး​သွား​ကြ၏။

ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​နှစ်​ကာ​လ​ကို မော​ဘ​ပြည်​သို့ ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့​သော အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး​၍၊ ငါ​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော​အ​မျိုး​ကို ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ၏ နွား​ဥ​သ​ဘ​ရှိ​သ​မျှ​တို့​ကို သတ်​ကြ​လော့။ သတ်​ရာ​အ​ရပ်​သို့ ဆင်း​သွား​စေ​ကြ​လော့။ သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကယ်​စင်​စစ် သူ​တို့​အ​ချိန်၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန်​ရောက်​လေ​ပြီ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​နွယ်​ပင်၌ အ​ကျန်​အ​ကြွင်း​ကို လိုက်၍ ဆွတ်​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် ဣ​သ​ရေ​လ၌ ကျန်​ကြွင်း​သော​အ​ရာ​ကို​လိုက်၍ အ​ကုန်​အ​စင်​ဆွတ်​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ဆွတ်​သော သူ​ကဲ့​သို့၊ သင်၏​လက်​ကို ခြင်း​တောင်း​ထဲ​သို့ တစ်​ဖန်​သွင်း​ဦး​လော့။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

စစ်​ကြော​ရ​သော အ​ချိန်​ရောက်​လေ​ပြီ။ အ​ပြစ်​ပေး​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး သိ​ရ​လိမ့်​မည်။ ပ​ရော​ဖက်​သည် အ​မိုက်​ဖြစ်၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ခံ​သော​သူ​သည် အ​ရူး​ဖြစ်၏။ သင်၌ အ​ပြစ်​ကြီး​သည်​အ​တိုင်း ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​ကို ခံ​ရ၏။

ယာ​ကုပ်​အ​မျိုး​သည် မီး၊ ယော​သပ်​အ​မျိုး​သည် မီး​လျှံ၊ ဧ​သော​အ​မျိုး​သည် အ​မှိုက်​ဖြစ်​လျက် မီး​ညှိ၍ လောင်​သ​ဖြင့်၊ ဧ​သော​အ​မျိုး​သား မ​ကျန်​ကြွင်း​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

အ​ကောင်း​ဆုံး​သော သူ​သည် ဆူး​ပင်​ကဲ့​သို့ ဖြစ်၏။ အ​ဖြောင့်​ဆုံး​သော သူ​သည် ဆူး​ခြံ​ထက်​ခက်​လှ၏။ သင်၏​ကင်း​စောင့်​တို့​သည် သ​တိ​ပေး​သော​နေ့၊ သင်​စစ်​ကြော​ခြင်း​ကို ခံ​ရ​သော နေ့​ရက်​သည် ရောက်​လာ​ပြီ။ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ ဖြစ်၏။

သင်၏​ကိုယ်​မှ​စ၍ သင်၏ သား​သ​မီး​တို့​ကို မြေ​နှင့်​တ​ညီ​တည်း ညှိ​သ​ဖြင့်၊ သင်၏​ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ ထပ်​ဆင့်၍ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ ပြု​ကြ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ