Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 10:18

Judson Bible

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော​နှင်​ထုတ်​ခြင်း​ဖြင့် သင့်​ကို နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ သင့်​ကို အ​မှန်​ကိုင်​ဖမ်း၍၊

သင်​တို့​နှင့် သင်​တို့၏​ဘိုး​ဘေး​မ​သိ​သော​ပြည်​သို့ ဤ​ပြည်​ထဲ​က သင်​တို့​ကို ငါ​နှင်​လိုက်​မည်။ ထို​ပြည်၌ သင်​တို့​သည် ငါ၏​ကျေး​ဇူး​ကို မ​ခံ​ရ။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို နေ့​ည​မ​ပြတ် ဝတ်​ပြု​ရ​ကြ​မည်။

သင့်​ကို​လည်း​ကောင်း၊ သင့်​ကို​ဖွား​မြင်​သော သင်၏​အ​မိ​ကို​လည်း​ကောင်း၊ မွေး​ဖွား​ရာ​ဌာ​န မ​ဟုတ်​သော​ပြည်​သို့ ငါ​နှင်​ထုတ်​သ​ဖြင့်၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။

ထို​သို့​သော​အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်​ဟု၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချည်း​နှီး​မိန့်​တော်​မူ​သည် မ​ဟုတ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ သူ​တို့​ကို ငါ​ညှဉ်း​ဆဲ​သ​ဖြင့် မျက်​စိ​မ​မြင်​သော သူ​ကဲ့​သို့ သွား​ကြ​လိမ့်​မည်။ သူ​တို့​အ​သွေး​ကို မြေ​မှုန့်​ကဲ့​သို့​သွန်း၍ အ​သား​ကို​လည်း မ​စင်​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။

ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

သင့်​နေ​ရာ​ပြည်​အ​ရပ်​ရပ်​တို့၌ သင်​ကိုး​စား​သော​မြို့​ရိုး၊ မြင့်၍ ခိုင်​ခံ့​သော မြို့​ရိုး​တို့​သည် မ​ပြို​မ​ကျ​မီ​တိုင်​အောင်၊ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့​ကို ဝိုင်း​ထား​လိမ့်​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်​အ​ရပ်​ရပ်​တို့၌၊ မြို့​ရှိ​သ​မျှ​တို့​ကို​လည်း ဝိုင်း​ထား​လိမ့်​မည်။

ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ