Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 1:14

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က၊ မြောက်​မျက်​နှာ​ဘက်​က ဘေး​ဥ​ပဒ်​သည်၊ ဤ​ပြည်​သား​တို့​အ​ပေါ်​သို့ ထွက်​လာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို တံ​ခါး၊ ညည်း​တွား​လော့။ အို မြို့၊ ငို​ကြွေး​မြည်​တမ်း​လော့။ အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင်​သည် မှိုင်​တွေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​မှ မီး​ခိုး​ထွက်​လာ၏။ ထို​အ​လုံး​အ​ရင်း၌ တစ်​ယောက်​တ​ခြား​စီ နေ​သော​သူ​မ​ရှိ။

မြောက်​မျက်​နှာ၌ လူ​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ၍၊ သူ​သည်​လာ​လိမ့်​မည်။ နေ​ထွက်​ရာ​မှ​လာ၍ ငါ့​နာ​မ​ကို​ပ​တ္ထ​နာ​ပြု​လိမ့်​မည်။ အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို​နင်း​သ​ကဲ့​သို့၊ ထို​သူ​သည် မင်း​တို့​ကို အိုး​မြေ​အ​မှတ်​နှင့် ကျော်​နင်း​လိမ့်​မည်။

အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။

ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ မိ​မိ​တို့​အ​ဖို့ မ​ကောင်း​သော​အ​မှု​ကို ပြု​သော​ကြောင့်၊ သင့်​ကို​စိုက်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌ အ​မှု​ရောက်​မည်​အ​ကြောင်း မိန့်​တော်​မူ​ပြီ။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

သူ​တို့​ကို မြောက်​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ မြေ​ကြီး​စွန်း​မှ​စု​သိမ်း​မည်။ မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​မိန်း​မ​များ​လည်း ပါ​လျက်၊ ကြီး​စွာ​သော​အ​စည်း​အ​ဝေး​တို့​သည် ပြန်​လာ​ကြ​လိမ့်​မည်။

ဇိ​အုန်​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ​လော့။ လွတ်​အောင်​ပြေး​ကြ​လော့။ ရပ်၍ မ​နေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း ဘေး​ဥ​ပဒ်​ကို မြောက်​မျက်​နှာ​မှ ငါ​သည်​ဆောင်​ခဲ့​မည်။

အဲ​ဂု​တ္တု​ပြည်​သည် အ​ဆင်း​လှ​သော​နွား​မ​ဖြစ်၏။ သို့​ရာ​တွင်၊ မြောက်​မျက်​နှာ​ဘက်​က နှောင့်​ယှက်​ခြင်း​အ​ကြောင်း ပေါ်​လာ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြောက်​မျက်​နှာ​ဘက်​က ရေ​သည်​ထ၍ လွှမ်း​မိုး​သော​ပင်​လယ်​ဖြစ်​လျက်၊ တစ်​ပြည်​လုံး​နှင့်၊ ပြည်၌ ပါ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့် မြို့၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​လွှမ်း​မိုး၍၊ သူ​တို့​သည် အော်​ဟစ်​ကြ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။

ကြည့်​ရှု​လော့။ လူ​မျိုး​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ​လာ၏။ ကြီး​စွာ​သော​လူ​မျိုး​နှင့် များ​စွာ​သော ရှင်​ဘု​ရင်​တို့​သည် မြေ​ကြီး​စွန်း​တို့​မှ ပေါ်​လာ​ကြ​၏။

အ​ကြောင်း​မူ​ကား၊ မြောက်​မျက်​နှာ​အ​ရပ်၌ ကြီး​စွာ​သော တိုင်း​နိုင်​ငံ​သား​အ​စု​အ​ဝေး​ကို ငါ​နှိုး​ဆော်၍၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​ခဲ့​မည်။ သူ​တို့​သည် မြို့​တစ်​ဖက်၌ တပ်​ခင်း​ကျင်း၍ တိုက်​ယူ​ကြ​လိမ့်​မည်။ သူ​တို့​ပစ်​သော​မြား​တို့​သည် လိ​မ္မာ​သော စစ်​သူ​ရဲ၏​မြား​ကဲ့​သို့​ဖြစ်၍ မ​မှန်​ဘဲ​မ​နေ​ရ။

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မျိုး​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ​လိမ့်​မည်။ ကြီး​စွာ​သော​လူ​မျိုး​ကို မြေ​ကြီး​စွန်း​မှ ငါ​နှိုး​ဆော်​မည်။

ငါ​ကြည့်​ရှု၍၊ ပြင်း​စွာ​သော​လေ၊ ကြီး​စွာ​သော မိုး​တိမ်၊ ထွန်း​လင်း​သော မီး​စက်​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ၏။ မီး​စက်​ထဲ​က ဟ​ရှ​မေ​လ​ရွှေ​ရောင် ထွက်​လေ၏။

ပုန်​ကန်​တတ်​သော အ​မျိုး​အား​လည်း ပုံ​စ​ကား​တည်း​ဟူ​သော၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အိုး​ကင်း​ကို မီး​ဖို၌​တင်​ထား၍ ရေ​ကို​လောင်း​လော့။

မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။

က​သော မြင်း​နက်​တို့​သည် မြောက်​ပြည်​သို့ သွား​ကြ၏။ မြင်း​ဖြူ​တို့​သည် မြင်း​နက်​နောက်​သို့ လိုက်​ကြ၏။ မြင်း​ကျား​တို့​သည် တောင်​ပြည်​သို့ သွား​ကြ၏​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ