Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 1:11

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဗာ​တံ​ကိုင်း​ကို​မြင်​ပါ၏​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည်၊ စိမ်း​သော​လိ​ဗ​နာ​ပင်၊ လု​ဇ​ပင်၊ အာ​ရ​မုန်​ပင်​တို့၏ အ​ခက်​တံ​ဖျာ​များ​ကို​ယူ၍၊ အ​ဖြူ၊ အ​စိမ်း၊ အ​တန့်​တန့်​ပေါ်​အောင် အ​ခွံ​ကို​လှီး​ခွာ​ပြီး​လျှင်၊

ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ဘော​သ​ဖန်း​သီး​ကို မြင်​ပါ၏။ ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​သည် အ​လွန်​ကောင်း​ပါ၏။ ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​သည် မ​စား​နိုင်​အောင် အ​လွန်​ညံ့​ပါ​သည်​ဟု ပြန်​လျှောက်၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​ပြော​လျှင်၊ ပြော​သည်​အ​တိုင်း ပြည့်​စုံ​လိမ့်​မည်။ ပြည့်​စုံ​ချိန်​လည်း မ​ရွေ့​ရ။ အ​ချင်း​ပုန်​ကန်​တတ်​သော​အ​မျိုး၊ သင်​တို့​လက်​ထက်၌ ငါ​ပြော​မည်။ ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘုရား မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​၏​စ​ကား ပြည့်​စုံ​ချိန်​မ​ရွေ့​ရ။ ငါ​ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

နေ့​ရက်​ရောက်​လာ၏။ ရောက်​လာ၏။ အ​လှည့်​ခံ​ရ​ချိန်​စေ့​ပြီ။ တံ​ဖျာ​ပွင့်​ပြီ။ မာ​န​ကြီး​ပွား​ပြီ။

အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။

အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ နွေ​ကာ​လ အ​သီး​ပါ​သော​တောင်း​ကို မြင်​ပါ​သည်​ဟု ငါ​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​ဆုံး​ကာ​လ​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​လေ​ပြီ။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။

သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​သည် ကြည့်​ရှု၍ ရွှေ​အ​တိ​ပြီး​သော ဆီ​မီး​ခုံ​ကို မြင်​ပါ၏။ မီး​ခုံ​တိုင်​အ​ဖျား၌ ဆီ​အိုး​တစ်​လုံး၊ မီး​ခွက်​ခု​နစ်​လုံး၊ ဆီ​အိုး​နှင့် မီး​ခွက်​ခု​နစ်​လုံး ဆက်​သော ပြွန်​တံ​ခု​နစ်​တံ​ရှိ​ပါ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်​ပါ၏။ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​တစ်​ဆယ်​ရှိ​ပါ​သည်​ဟု လျှောက်၏။

နက်​ဖြန်​နေ့၌ သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း​သို့ မော​ရှေ​ဝင်​သော​အ​ခါ၊ လေ​ဝိ​အ​မျိုး​နှင့်​ဆိုင်​သော အာ​ရုန်၏​လှံ​တံ​သည် အ​ရွက်​ထွက်​လျက်၊ ငုံ​လျက်၊ ပွင့်​လျက်၊ ဗာ​တံ​သီး​ကို​သီး​လျက် ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ