ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သောမြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်၏ သေတ္တာတော်ကို ငါ့ခမည်းတော်ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။