ယေဇကျေလ 9:6Judson Bibleအသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခပ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ရှိသော အသွေးကိုမြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကိုလွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကိုဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။
ယခုမှာ ဣသရေလမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ် ပယ်ဖြတ်လိုသောငှာလည်းကောင်း၊ မြေကြီးပေါ်မှာ လူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ကျိန်ဆဲရာ ဖြစ်လိုသောငှာလည်းကောင်း၊ သွား၍နေသော အဲဂုတ္တုပြည်၌ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကိုနှိုးဆော်သဖြင့်၊ သင်တို့တွင် တစ်ယောက်မျှ မကြွင်း၊ ယုဒအမျိုး ယောက်ျားမိန်းမ၊ သူငယ်နို့စို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ်စိတ်ဝိညာဉ်တစ်ဖက်၌ အဘယ်ကြောင့် ပြုကြသနည်း။