ယေဇကျေလ 8:11Judson Bibleသူတို့ရှေ့မှာ ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသားရှာဖန်သည် သူတို့အလယ်၌ရပ်၍၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကိုကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက်လေ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တစ်ကျွန်းတစ်နိုင်ငံ ဘုရားတို့ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တစ်ကျွန်းတစ်နိုင်ငံမြေ ဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။