Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:27

Judson Bible

ရှင်​ဘု​ရင်​သည် ညည်း​တွား​မြည်​တမ်း​လိမ့်​မည်။ မင်း​သား​သည် မှိုင်​တွေ​ခြင်း​အ​ဝတ်​ကို ဝတ်​ရ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့၏ လက်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​ကြ​သည်​အ​တိုင်း သူ​တို့၌​ငါ​ပြု​မည်။ သူ​တို့​စီ​ရင်​ကြ​သည်​အ​တိုင်း ငါ​ပြန်၍ စီ​ရင်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှု​ရိ​လူ​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော ဘု​ရား​ဖြစ်၏။ လွင်​ပြင်​ကို​အ​စိုး​ရ​သော ဘု​ရား​မ​ဟုတ်​ဟု ဆို​မိ​သော​ကြောင့်၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို သင့်​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

သင့်​ကို​မုန်း​သော သူ​တို့​သည် ရှက်​ခြင်း​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သူ​နေ​ရာ အ​ရပ်​သည်​လည်း ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

အ​ဝတ်​ကို​ဝတ်​သ​ကဲ့​သို့ ကျိန်​ဆဲ​ခြင်း​ကို ဝတ်​ရ​ပါ​စေ။ ရေ​ကဲ့​သို့ သူ၏​ဝမ်း​ထဲ​သို့​လည်း​ကောင်း၊ ဆီ​ကဲ့​သို့ သူ၏​အ​ရိုး​ထဲ​သို့​လည်း​ကောင်း ဝင်​ပါ​စေ။

သူ၏​ကိုယ်​ကို​ခြုံ​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ခါး၌ အ​စဉ်​စည်း​သော ခါး​စည်း​ကဲ့​သို့​လည်း​ကောင်း သူ၌​ဖြစ်​ပါ​စေ။

အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ရှက်​ကြောက်​ခြင်း အ​ဝတ်​ကို​ဝတ်၍၊ စောင်​နှင့်​ခြုံ​သ​ကဲ့​သို့၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​ကြ​ပါ​စေ​သော။

အ​ကျွန်ုပ်၌ ဘေး​ရောက်​သည်​အ​ကြောင်း​ကို ဝမ်း​မြောက်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို ချီး​မြှောက်​တတ်​သော သူ​တို့​အ​ပေါ်​မှာ အ​သ​ရေ​ပျက်​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း သက်​ရောက်​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။

မ​တ​ရား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မ​ကောင်း​သော​အ​မှု​နှင့် တွေ့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​ကျင့်​သော အ​ကျင့်​တို့၏​အ​ပြစ်​ကို သူ၌​ဆပ်​ပေး​ရ​လိမ့်​မည်။

သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့ အ​သီး​အ​သီး​ကျင့်​ကြ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ငါ​စီ​ရင်​မည်။ သင်​တို့​သည် အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ ပြောင်း​လဲ​ကြ​လော့။ ပြောင်း​လဲ​ကြ​လော့။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ထိ​မိ၍ ဆုံး​ခြင်း​သို့​မ​ရောက်​ကြ​နှင့်။

အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

သ​မု​ဒ္ဒ​ရာ​မင်း​အ​ပေါင်း​တို့​သည် ရာ​ဇ​ပ​လ္လင်​ပေါ်​က​ဆင်း၍၊ အင်္ကျီ​တော်​ကို​လည်း​ကောင်း၊ ချယ်​လှယ်​သော အ​ဝတ်​တော်​ကို​လည်း​ကောင်း၊ ချွတ်​ပယ်​ပြီး​မှ၊ တုန်​လှုပ်​ခြင်း​အ​ဝတ်​ကို​ဝတ်​လျက်၊ မြေ​ပေါ်၌ ထိုင်​လျက် ခ​ဏ​ခ​ဏ​တုန်​လှုပ်၍၊ သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။

သင်​သည် ဆုံး​ခြင်း​သို့​ရောက်၍ သင့်​အ​ပေါ်​သို့ ငါ၏​အ​မျက်​ကို​ငါ​လွှတ်​လိုက်​မည်။ သင်၏​အ​ကျင့်​နှင့်​အ​လျောက် ငါ​စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး​မည်။

သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။

ငါ​သည်​လည်း ငါ၏​သန့်​ရှင်း​သော ဇိ​အုန်​တောင်​ပေါ်​မှာ နေ​သော သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း သန့်​ရှင်း​လိမ့်​မည်။ နောက်​တစ်​ဖန် ထို​မြို့​ကို တစ်​ပါး​အ​မျိုး​သား မ​နင်း​ရ။

သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ