Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:22

Judson Bible

ငါ​လည်း မျက်​နှာ​လွှဲ​သည်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ကြ​လိမ့်​မည်။ ဓား​ပြ​တို့​သည် ဝင်၍ ညစ်​ညူး​စေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

ငါ​သည် အ​ရှေ့​လေ​ကဲ့​သို့ သူ​တို့​ကို ရန်​သူ​ရှေ့​မှာ လွင့်​စေ​မည်။ ဘေး​ရောက်​သော​ကာ​လ၌ သူ​တို့​အား မျက်​နှာ​ကို​မ​ပြ၊ ကျော​ကို​ပြ​မည်။

အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ပစ်​ကြ​ပြီ။ ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​များ​မ​သိ၊ ယု​ဒ​ရှင်​ဘု​ရင်​များ မ​သိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ ဘု​ရား​တို့​ရှေ့​မှာ၊ ဤ​အ​ရပ်၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​သ​ဖြင့်၊ ဤ​အ​ရပ်​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ ဖြစ်​စေ​ကြ​ပြီ။ အ​ပြစ်​မ​ရှိ​သော သူ​တို့၏​အ​သွေး​နှင့် ဤ​အ​ရပ်​ကို ပြည့်​စေ​ကြ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ