Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:15

Judson Bible

ပြင်၌​ကား ဓား​ရှိ၏။ အ​တွင်း၌​ကား နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​ရှိ၏။ လယ်​ပြင်​တွင်​ရှိ​သော​သူ​သည် ဓား​ဖြင့်​သေ​လိမ့်​မည်။ မြို့​ထဲ​တွင်​ရှိ​သော သူ​သည်​လည်း နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​အား​ဖြင့် ဆုံး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် မြို့​ပြင်​သို့​သွား​သော​အ​ခါ၊ သတ်​သော​အ​သေ​ကောင်​များ​ကို တွေ့​ရ၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ငတ်​မွတ်၍ နာ​ကျင်​စွာ​ခံ​ရ​သော​သူ​များ​ကို​လည်း တွေ့​ရ၏။ ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​သိ​ဘဲ အ​ရပ်​ရပ်​လှည့်​လည်​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပင်​ပန်း​ပါ၏။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ​ပါ၏။ နှ​လုံး​မှောက်​လျက် ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ပြင်​မှာ ဓား​ဘေး​နှင့် တွေ့​ရ​ပါ​ပြီ။ အ​တွင်း၌​လည်း သေ​မင်း​နေ​သ​ကဲ့​သို့ ရှိ​ပါ၏။

ဓား​ဖြင့်​သေ​သော​သူ​သည်၊ ငတ်​မွတ်၍ သေ​သော​သူ​ထက်​သာ၍ မင်္ဂ​လာ​ရှိ၏။ ငတ်​မွတ်၍ သေ​သော​သူ​သည် အ​သီး​အ​နှံ​ပြတ်​ခြင်း​အား​ဖြင့် ထိုး​ဖောက်၍ ပိန်​ကြုံ​ရ၏။

သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် လွတ်၍၊ ငါ​ကျန်​ကြွင်း​စေ​သော သူ​အ​ချို့​တို့​သည် မိ​မိ​တို့​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ရှိ​သ​မျှ​တို့​ကို၊ နောက်​ရောက်​သော တစ်​ပါး​အ​မျိုး​သား​နေ​ရာ​ပြည်​တို့၌ ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​ဆိုး​တို့​ကြောင့်၊ အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ လက်​ခုပ်​တီး​လော့။ ခြေ​နှင့်​ဆောင့်​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ဘေး​တို့​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။

ဝေး​သော​သူ​သည် နာ​ဘေး​ဖြင့်​သေ​လျက်၊ နီး​သော​သူ​သည် ဓား​ဘေး​ဖြင့်​ဆုံး​လျက်၊ ထို​ဘေး​မှ​လွတ်၍ ကျန်​ကြွင်း​သော​သူ​သည်​လည်း မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​လျက်၊ သူ​တို့၌ ငါ၏​ဒေါ​သ​အ​ရှိန် ပြည့်​စုံ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ