Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:14

Judson Bible

စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။

ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။

ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

ထို​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နှင့် ပြည့်​ဝ၏။ အောင့်၍ မ​နေ​နိုင်။ လမ်း၌​ရှိ​သော သူ​ငယ်​များ​နှင့် စု​ဝေး​သော လူ​ပျို​များ​အ​ပေါ်​သို့ အ​မျက်​တော်​ကို ငါ​သွန်း​လောင်း​မည်။ လင်​မ​ယား​အ​စုံ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သော​သူ​နှင့် အို​လွန်း​သော​သူ​ကို​လည်း​ကောင်း သိမ်း​သွား​မည်။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။

ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ၏ ဦး​ချို​ရှိ​သ​မျှ​တို့​ကို ဖြတ်​တော်​မူ​ပြီ။ ရန်​သူ​ရှေ့​မှာ လက်​ရုံး​တော်​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ အ​ရပ်​ရပ်​လောင်​သော မီး​တောက်​ကဲ့​သို့ ယာ​ကုပ်​အ​မျိုး​ကို လောင်​စေ​တော်​မူ​ပြီ။

ရန်​သူ​ကဲ့​သို့ လေး​ကို​တင်​လျက်၊ ရန်​ဘက်​ပြု​သော​သူ​ကဲ့​သို့ လက်​ယာ​လက်​ကို ချီ​ကြွ​လျက်၊ တင့်​တယ်​ခြင်း အ​သ​ရေ​ရှိ​သော သူ​အ​ပေါင်း​တို့​ကို သတ်​တော်​မူ​ပြီ။ ဇိ​အုန်​သ​တို့​သ​မီး၏​နေ​ရာ​တဲ​ပေါ်​မှာ မီး​ကဲ့​သို့​သော အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၏။

သင်​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ တိုက်​လာ​သော​ရန်​သူ​တို့​ကို စစ်​ချီ​လျှင်၊ နှိုး​ဆော်​သံ​နှင့် တံ​ပိုး​မှုတ်​ရ​မည်။ ထို​အ​ခါ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အောက်​မေ့၍၊ ရန်​သူ​လက်​မှ​ကယ်​တင်​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ