Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 5:17

Judson Bible

သင်​တို့​ကို လု​ယက်​နှိပ်​စက်​ရ​သော မွတ်​သိပ်​ခြင်း​ဘေး၊ သား​ရဲ​ဘေး​ကို ငါ​လွှတ်​လိုက်၍၊ ဓား​ဘေး​ကို​လည်း ရောက်​စေ​သ​ဖြင့်၊ နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​တို့​သည် လွှမ်း​မိုး​သော​အ​ခါ၌​လည်း​ကောင်း ထို​သို့​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

နေ​ရာ​ကျ​စ​က ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရို​သေ​သော​ကြောင့်၊ ခြင်္သေ့​တို့​ကို စေ​လွှတ်၍ အ​ချို့​တို့​ကို ကိုက်​စေ​တော်​မူ၏။

ထို​လူ​များ​ကို တစ်​နှစ်​ချင်း​တွင် သင့်​ရှေ့​မှာ​ငါ​မ​နှင်​ထုတ်။ သို့​ပြု​လျှင် ပြည်​သည် လူ​ဆိတ်​ညံ၍ သား​ရဲ​သည်​သင့်​တစ်​ဖက်၌ များ​ပြား​လိမ့်​မည်။

သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။

သား​ရဲ​တို့​သည် ပြည်၌​ပေါ်​လာ၍ ဖျက်​ဆီး​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​နိုင်​သ​ဖြင့် လူ​ဆိတ်​ညံ​လျှင်၊

သို့​မ​ဟုတ်၊ ထို​ပြည်၌ ကာ​လ​နာ​ကို ငါ​စေ​လွှတ်​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်၏​အ​သက်​ကို သတ်​ဖြတ်​ပယ်​ရှင်း​ခြင်း​ငှာ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​လျှင်၊

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

သူ့​ထံ​မှ​ပြေး​သော​သူ​များ​နှင့် သူ​ရဲ​များ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ ကျန်​ကြွင်း​သော သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ပင်​ကို​နှိမ့်၍၊ နိမ့်​သော​အ​ပင်​ကို ချီး​မြှောက်​ကြောင်း၊ စိမ်း​လန်း​သော​အ​ပင်​ကို သွေ့​ခြောက်​စေ၍၊ သွေ့​ခြောက်​သော​အ​ပင်​ကို စိမ်း​လန်း​စေ​ကြောင်း​များ​ကို၊ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စ​ကား​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်​ဟု​မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။

သင်​သည် မီး​မွေး​ဖို့​ထင်း​ဖြစ်​ရ​လိမ့်​မည်။ သင့်​အ​သွေး​သည် ပြည်​အ​လယ်၌ ရှိ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင့်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ သင်၏​နှ​လုံး​သည် ခိုင်​ခံ့​နိုင်​သ​လော။ သင်၏​လက်​သည်​လည်း အား​ကြီး​နိုင်​သ​လော။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်။

ထို​အ​လုံး​အ​ရင်း​သည် မိန်း​မ​တို့​ကို ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​ကို​သတ်၍ အိမ်​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။

သင်​သည် ရှင်း​လင်း​သော​ကျောက်​ကဲ့​သို့ ပိုက်​ကွန်​လှန်း​ရာ​အ​ရပ်​ဖြစ်​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် မ​တည်​ပြန်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင့်​အ​ပေါ်​သို့ ကာ​လ​နာ​ဘေး​ကို​လည်း​ကောင်း၊ သင်၏​လမ်း​တို့၌ ဓား​ဘေး​ကို​လည်း​ကောင်း၊ ငါ​စေ​လွှတ်၍၊ ပတ်​လည်၌ တိုက်​သော​ဓား​ဖြင့် သူ​ရဲ​တို့​သည် သင့်​အ​လယ်၌​လဲ၍ သေ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

မြစ်​တို့​ကို ငါ​ခန်း​ခြောက်​စေ၍၊ အ​ဓ​မ္မ​လူ​တို့​အား ပြည်​ကို​ရောင်း​လိုက်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​လက်​ဖြင့် ပြည်​နှင့်​တ​ကွ ပြည်၌​ပါ​သ​မျှ​ကို ငါ​ဖျက်​ဆီး​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ပျက်​စီး​သော အ​ရပ်၌​နေ​သော သူ​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​လိမ့်​မည်။ လွင်​ပြင်၌​ရှိ​သော သူ​တို့​ကို ငါ​သည်​သား​ရဲ၌​အပ်၍ ကိုက်​စား​စေ​မည်။ ရဲ​တိုက်​ဥ​မင်၌​ရှိ​သော သူ​တို့​သည် ကာ​လ​နာ​နှင့် သေ​ရ​ကြ​လိမ့်​မည်။

အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ငါ​သည် ကာ​လ​နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​အား​ဖြင့် သူ့​ကို​ဒဏ်​ပေး​မည်။ သူ​နှင့် သူ၌​ပါ​သော​တပ်​များ၊ အ​လုံး​အ​ရင်း​များ​အ​ပေါ်​မှာ လွှမ်း​မိုး​သော​မိုး​ရေ၊ ကြီး​သော​မိုး​သီး၊ ကန့်​နှင့်​ရော​သော မီး​မိုး​ကို​ရွာ​စေ​မည်။

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

ဝေး​သော​သူ​သည် နာ​ဘေး​ဖြင့်​သေ​လျက်၊ နီး​သော​သူ​သည် ဓား​ဘေး​ဖြင့်​ဆုံး​လျက်၊ ထို​ဘေး​မှ​လွတ်၍ ကျန်​ကြွင်း​သော​သူ​သည်​လည်း မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​လျက်၊ သူ​တို့၌ ငါ၏​ဒေါ​သ​အ​ရှိန် ပြည့်​စုံ​လိမ့်​မည်။

သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

သူ​တို့​သည် မွတ်​သိပ်​ခြင်း​အ​ရှိန်​ကို​ခံ​ရ၍၊ ပူ​လောင်​ခြင်း​ဘေး၊ ပြင်း​စွာ​သော ဖျက်​ဆီး​ခြင်း​ဘေး​အား​ဖြင့် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သား​ရဲ​တို့၏​သွား​ကို​လည်း​ကောင်း၊ မြေ၌​ကျင်​လည်​သော မြွေ​အ​ဆိပ်​ကို​လည်း​ကောင်း၊ သူ​တို့၌ ငါ​စေ​လွှတ်​မည်။

ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ