Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 5:11

Judson Bible

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

48 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌ ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊

ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ မိ​မိ​ပြု​စု​သော အာ​ရှ​ရ​ပင်​နှင့်​တူ​အောင် လုပ်​သော​ရုပ်​တု​ကို တင်​ထား၏။

ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် အာ​ဟပ်​မင်း​တိုက်​တော် အ​ထက်​ဆင့်​အ​ပေါ်​မှာ တည်​ထား​သော ယဇ်​ပ​လ္လင်​တို့​နှင့် မ​နာ​ရှေ​မင်း​သည် ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင် တည်​ထား​သော​ပ​လ္လင်​တို့​ကို ရှင်​ဘု​ရင်​ဖြို​ချ​ချေ​ဖျက်၍ အ​မှုန့်​ကို ကေ​ဒြုန်​ချောင်း​ထဲ​သို့​ပစ်​တော်​မူ၏။

ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို အ​စဉ်​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌​ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊

ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား​မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ၊ မိ​မိ​ပြု​စု​သော​ရုပ်​တု​နှင့် တူ​အောင်​လုပ်​သော ရုပ်​တု​တစ်​ခု​ကို တင်​ထား၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။

ဘု​ရား​သ​ခင်​သည် မ​သ​နား​ဘဲ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ လက်​တော်​မှ လွတ်​ခြင်း​ငှာ အ​လို​ရှိ​လိမ့်​မည်။

တစ်​ဖန် သူ​တို့​သည်​လျော့၍ ညှဉ်း​ဆဲ​ခြင်း၊ ငြို​ငြင်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​အား​ဖြင့် နှိမ့်​ချ​လျက်​နေ​ရ​ကြ၏။

ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ဆုံး​မ​တော်​မူ​လျှင်၊ အ​ကျိုး​နည်း​စေ​ခြင်း​ငှာ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တ​ရား​တော်​အ​တိုင်း​သာ ဆုံး​မ​တော်​မူ​ပါ။

သူ​တို့​သည် ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ​အ​မွေ​ခံ​သော​မြေ​ကို သူ​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​သေ​ကောင်​တို့​နှင့် ပြည့်​စေ​သော​ကြောင့်၊ သူ​တို့၌ နှစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်။

ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​ဗိ​မာန်​ကို ညစ်​ညူး​စေ​ခြင်း​ငှာ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ​တ​ကား၊

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား​သည် ကြံ​စည်​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ ရှေး​ကာ​လ၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ မ​နှ​မြော​ဘဲ ဖြို​ဖျက်​တော်​မူ​ပြီ။ ရန်​သူ​သည် သင်၏​အ​ပေါ်​မှာ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး၍၊ ရန်​သူ၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​ပြီ။

လူ​အ​ကြီး​အ​ငယ်​တို့​သည် လမ်း၌ မြေ​ပေါ်​မှာ တုံး​လုံး​နေ​ရ​ကြ​ပါ၏။ အ​ကျွန်ုပ်၏ လူ​ပျို​နှင့် အ​ပျို​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​သော​နေ့၌၊ သူ​တို့​ကို​မ​သ​နား​ဘဲ ကွပ်​မျက်​တော်​မူ​ပြီ။

သူ​တို့​သည် ထို​ပြည်​သို့​ရောက်၍၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား​ကြ​လိမ့်​မည်။

သို့​မ​ဟုတ်​လျှင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​တို့၏​အ​လို​သို့ စိတ်​နှ​လုံး​အား​ဖြင့် လိုက်​သော​သူ​တို့၏​အ​ပြစ်​ကို၊ သူ​တို့၏​ခေါင်း​ပေါ်​သို့ ငါ​ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​မုန်း​သော​သူ၊ သင်​ရွံ​ရှာ​သော သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​သ​ဖြင့်၊

ထို​မှ​တစ်​ပါး၊ ငါ၌​ပြု​သော​အ​မှု​ဟူ​မူ​ကား၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ​ပြီ။

ကိုယ်​သား​သ​မီး​တို့​ကို ရုပ်​တု​ရှေ့​တွင်​သတ်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သို့ ငါ့​အိမ်​တော်​အ​လယ်၌ ပြု​ကြ​ပြီ​တ​ကား။

ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။ ပြော​သည်​အ​တိုင်း ငါ​ပြု၍​ပြည့်​စုံ​စေ​မည်။ နောက်​သို့​မ​ဆုတ်၊ မ​နှ​မြော၊ နောင်​တ​မ​ရ၊ သင်​ကျင့်​ကြံ​ပြု​မူ​သ​မျှ အ​တိုင်း၊ ငါ​စီ​ရင်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန်​အ​စိုး​မ​ရ။ နိုင်​ငံ​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန် အ​စိုး​မ​ရ​စေ​ခြင်း​ငှာ ငါ​ရှုတ်​ချ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ဆိုး​သော​သူ​သည် အ​သေ​ခံ​ခြင်း​အ​မှု​ကို ငါ​နှစ်​သက်​သည် မ​ဟုတ်။ ဆိုး​သော​သူ​သည် မိ​မိ​ဆိုး​သော​လမ်း​မှ​လွှဲ၍ အ​သက်​ရှင်​ခြင်း​အ​မှု​ကို​သာ ငါ​နှစ်​သက်၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​လိုက်​သော လမ်း​ဆိုး​မှ လွှဲ​ကြ​လော့။ လွှဲ​ကြ​လော့။ အ​ဘယ်​ကြောင့် အ​သေ​ခံ​လို​ကြ​သ​နည်း။

သူ​တို့​တံ​ခါး​ခုံ​ကို​လည်း ငါ့​တံ​ခါး​ခုံ​အ​နား​မှာ​လည်း​ကောင်း၊ သူ​တို့​တိုင်​ကို​လည်း ငါ့​တိုင်​အ​နား​မှာ​လည်း​ကောင်း တည်​စိုက်​လျက်၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ နံ​ရံ​တစ်​ခု​တည်း​သာ​ရှိ​လျက်၊ သူ​တို့ ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ဖြင့်၊ ငါ၏​နာ​မ​တော်​မြတ်​ကို ရှုတ်​ချ​သော​ကြောင့်၊ ငါ​သည်​အ​မျက်​ထွက်၍ သူ​တို့​ကို ဖျက်​ဆီး​ပြီ။

သင်​တို့​သည် ငါ့​ဘော​ဇဉ်​တည်း​ဟူ​သော ဆီ​ဥ​နှင့်​အ​သွေး​ကို ပူ​ဇော်​သော​အ​ခါ၊ ငါ့​ဗိ​မာန်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သွင်း၍​နေ​ရာ​ချ​သ​ဖြင့်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​ကို​ပြု​မိ​သည်​ဖြစ်၍၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​အား​ဖြင့် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့ ဆန့်​ကျင်​သည်​ထက်၊ သာ၍ ဆန့်​ကျင်​သော​ကြောင့်​လည်း​ကောင်း၊ ငါ၏ စီ​ရင်​ချက်​လမ်း​သို့​မ​လိုက်၊ ငါ၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ရှောက်၊ ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့၏ ထုံး​စံ​ဓ​လေ့​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊

သူ​တို့၌ တင့်​တယ်​သော တန်​ဆာ​အား​ဖြင့် သူ​တို့​မာ​န​ကို တိုး​ပွား​စေ၍၊ သူ​တို့၌ စက်​ဆုပ်​ဖွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း​ကောင်း၊ ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း လုပ်​ကြ​သော​ကြောင့်၊ ထို​တန်​ဆာ​ကို ညစ်​ညူး​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော​ရွံ​ရှာ​ဖွယ် အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို​မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ ထို​မျှ​မ​က သာ၍​ကြီး​စွာ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊

ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။

ထို​ကြောင့်၊ ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ ငါ၏​အ​မျက်​ကို​လွှတ်​လိုက်​မည်။ သူ​တို့​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်၍ တောင်း​လျှောက်​သော်​လည်း၊ ငါ​သည် နား​မ​ထောင်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အ​ခြား​သော သူ​တို့​အား​လည်း၊ ထို​သူ​နောက် မြို့​ထဲ၌​လျှောက်​သွား၍ ဒဏ်​ခတ်​ကြ​လော့။ နှ​မြော​စုံ​မက်​ခြင်း မ​ရှိ​ကြ​နှင့်။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တွင်​ရှိ​သော ငါ့​တဲ​တော်​ကို ညစ်​ညူး​စေ၍၊ မိ​မိ​တို့​မ​စင်​ကြယ်​ရာ၌ မ​သေ​စေ​ခြင်း​ငှာ၊ သူ​တို့​ကို မ​စင်​ကြယ်​ခြင်း​နှင့် ကင်း​စင်​စေ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​ဘုန်း​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သူ​တို့​ကျင့်​ကြံ ပြု​မူ​သ​မျှ​တို့​ကို ငါ​သည် အ​စဉ်​မ​ပြတ် မ​မေ့​လျော့။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ပြည်​သူ​ပြည်​သား​တို့​ကို နောက်​တစ်​ဖန်​မ​သ​နား၊ မ​နှ​မြော​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​ကို အိမ်​နီး​ချင်း​လက်​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း အပ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​ကို နှိပ်​စက်​ကြ​လိမ့်​မည်။ သူ​တို့​လက်​မှ ငါ​မ​ကယ်​လွှတ်​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။

ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့၏​လဲ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ စီး​ပွား​ကို​လည်း​ကောင်း၊ သူ​တို့၏​ရှုံး​ခြင်း​အ​ရာ​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ စီး​ပွား​ကို​လည်း​ကောင်း ပြု​စု​လျှင်၊ သူ​တို့၏ ပြည့်​စုံ​ခြင်း​အ​ရာ​သည် သာ၍ ပြု​စု​မည်​မ​ဟုတ်​လော။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ပ​က​တိ​အ​ခက်​များ​ကို နှ​မြော​တော်​မ​မူ​လျှင်၊ သင်​တို့​ကို နှ​မြော​တော်​မူ​မည်​လော။-

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ