မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။