ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။
တစ်ဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကိုလည်းကောင်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကိုလည်းကောင်း လုပ်ကြံကြ၏။
ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊
အိုင်ကြီးတစ်ဖက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊
တစ်ဖန် မေရိဘရေအနားမှာ အမျက်တော်ကိုနှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာဖြစ်လေ၏။
အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တစ်ယောက်နောက်တစ်ယောက်၊ ကောက်သိမ်းခြင်းကျေးဇူးတော်ကို ခံရကြလိမ့်မည်။
အိုင်နားမှာ တံငါတို့သည်ရပ်၍၊ အင်္ဂေဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
မြေမြောက်ဘက်အပိုင်းအခြားသည် မဟာပင်လယ် တစ်ဖက်တစ်ချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့လိုက်လျက်၊
သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကိုလိုက်လျက် ပင်လယ်၌ဆုံးရမည်။
အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက်မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသောပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇောတိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊