မြို့နယ်ကား၊ မြောက်ဘက်၌ နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေးထောင်ငါးရာ၊ တောင်ဘက်၌ လေးထောင်ငါးရာ၊ အရှေ့ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေးထောင်ငါးရာရှိရမည်။
သန့်ရှင်းသော မြေအနားမှာ အလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်း ကျယ်သောမြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဖို့ဖြစ်ရမည်။