Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 47:20

Judson Bible

အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ဟာ​မတ်​မြို့​နှင့် ဗေ​ရော​သာ​မြို့​ကို​လည်း​ကောင်း၊ ဒ​မာ​သက်​နယ်​နှင့် ဟာ​မတ်​နယ်​စပ်​ကြား​မှာ သိ​ဗ​ရိမ်​မြို့​ကို​လည်း​ကောင်း၊ ဟော​ရန်​မြို့​အ​နား​မှာ၊ ဟာ​ဇာ​ဟ​တ္တိ​ကုန်း​မြို့​ကို​လည်း​ကောင်း​ဝိုင်း၍၊

ထို​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​အား​ဝေ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး ခ​ရိုင်​စု​အ​မည်​ကား၊ မြောက်​ဘက်၌ ဟေ​သ​လုန်​လမ်း​နှင့် ဟာ​မတ်​လမ်း​နား၊ ဟာ​ဇ​ရေ​နန်​မြို့​ပါ​လျက် ဒ​မာ​သက်​မြို့​နယ် မြောက်၊ ဟာ​မတ်​မြို့​နယ် တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မှ​သည် ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း ဒန်​ခ​ရိုင်​ရှိ​ရ​မည်။

အ​ကယ်​စင်​စစ်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​တစ်​ဖက်၌ လူ​တစ်​မျိုး​ကို ငါ​ထ​စေ၍၊ ထို​လူ​မျိုး​သည် ဟာ​မတ်​မြို့​လမ်း​ဝ​မှ​စ၍ တော၌​ရှိ​သော မြစ်​တိုင်​အောင် သင်​တို့​ကို ညှဉ်း​ဆဲ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​သည် အ​နောက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ