Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 47:13

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။

သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

ရု​ဗင်​သည် ဣ​သ​ရေ​လ၏​သား​ဦး​ဖြစ်​သော်​လည်း၊ အ​ဘ​အိပ်​ရာ​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သား​ဦး​အ​ရာ​ကို​နုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​အား​ပေး​သည်​ဖြစ်၍၊ သား​စဉ် မြေး​ဆက်​တို့​ကို​မှတ်​သော​အ​ခါ၊ သား​ဦး​အ​ရာ​ကို​လိုက်၍ မ​မှတ်​ရ။

ထို​ကာ​လ၌ ယု​ဒ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပေါင်း​ဖော်​လျက်၊ မြောက်​မျက်​နှာ​အ​ရပ်​က တစ်​စု​တည်း​လာ၍၊ သင်​တို့​ဘိုး​ဘေး​များ အ​မွေ​ခံ​ဖို့၊ ငါ​ပေး​ဖူး​သော​ပြည်​သို့​ရောက်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ငါ​သည် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏ ဘု​ရား​သ​ခင်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး ခ​ရိုင်​စု​အ​မည်​ကား၊ မြောက်​ဘက်၌ ဟေ​သ​လုန်​လမ်း​နှင့် ဟာ​မတ်​လမ်း​နား၊ ဟာ​ဇ​ရေ​နန်​မြို့​ပါ​လျက် ဒ​မာ​သက်​မြို့​နယ် မြောက်၊ ဟာ​မတ်​မြို့​နယ် တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မှ​သည် ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း ဒန်​ခ​ရိုင်​ရှိ​ရ​မည်။

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ဝေ​ရ​သော​မြေ၊ ဤ​ရွေ့​ကား၊ သူ​တို့​ပိုင်း​ခြား၍ နေ​ရ​သော ခ​ရိုင်​အ​သီး​အ​သီး​ဖြစ်​သ​တည်း​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ထို​သို့ ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။

ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ