ယေဇကျေလ 47:11Judson Bibleရွှံ့ဗွက်ရည်နှင့် ရွှံ့အိုင်ရေမူကား မချိုရ၊ အစဉ်ငန်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ အရွက်လည်း မညှိုးမနွမ်းရ။ အသီးလည်း မပြတ်ရ။ လတိုင်းအစဉ် နုသောအသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာဌာနထဲကထွက်သတည်း။ အသီးသည် စားစရာဖို့ဖြစ်၏။ အရွက်သည် အနာရောဂါငြိမ်းစရာဖို့ ဖြစ်သည်ဟု ငါ့အားပြောဆို၏။
အနာရောဂါ ဘေးဥပဒ်တို့ကိုလည်းကောင်း၊ ထာဝရဘုရားသည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တစ်ပြည်လုံးကို ကန့်နှင့်မီး ကျွမ်းလောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက်ကြောင်းကိုလည်းကောင်း၊ သင်တို့နောက်မှာ ဖြစ်လတ္တံ့သော သင်တို့အမျိုးသား၊ ဝေးသောအရပ်မှလာသော တစ်ပါးအမျိုးသားတို့သည် မြင်ကြသောအခါ၊
ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကို ရကြလိမ့်မည် ဟူ၍လည်းကောင်း ငါ့အား မိန့်တော်မူ၏။