Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 46:9

Judson Bible

ပြည်​သူ​ပြည်​သား​တို့​သည် ဓ​မ္မ​ပွဲ​ခံ​ချိန်​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဝင်​သော​အ​ခါ၊ ဦး​ညွှတ်​ချ​ခြင်း​ငှာ မြောက်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် တောင်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ တောင်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် မြောက်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ ဝင်​သော​တံ​ခါး​ဖြင့် မ​ထွက်​ရ။ ဝင်​သော​တံ​ခါး တစ်​ဖက်​တစ်​ချက်၌​ရှိ​သော တံ​ခါး​ဖြင့်​ထွက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။

သင်​တို့​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​နှစ်​လျှင် သုံး​ကြိမ်​မျက်​နှာ​ပြ​ရ​ကြ​မည်။

ထို​သ​တ္တ​ဝါ​တို့​သည် ဝိ​ညာဉ်​တော်​သွား​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ကြ၏။ သွား​သော​အ​ခါ​တစ်​ပါး​မျှ​မ​လည်​ဘဲ တည့်​တည့် သွား​တတ်​ကြ၏။

သွား​သော​အ​ခါ ဘီး​လေး​မျက်​နှာ​တို့​သည် တ​ညီ​တည်း​ဖြစ်၍ မ​လည်​ဘဲ သွား​တတ်​ကြ၏။

ပျက်​စီး​သော​မြို့​တို့​သည် သန့်​ရှင်း​သော သိုး​စု​တည်း​ဟူ​သော၊ ဓ​မ္မ​ပွဲ​ခံ​ချိန်​တွင် ယေ​ရု​ရှ​လင်​သိုး​စု​ကဲ့​သို့​သော လူ​စု​တို့​နှင့် ပြည့်​စုံ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​နောက်၊ တောင်​မျက်​နှာ​သို့​ခေါ်​သွား၍ တောင်​တံ​ခါး​ကို​ငါ​မြင်၏။ တိုင်​များ၊ မုခ်​များ​ကို​တိုင်း၍ အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။

တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။

ဗိ​မာန်​တော်​မြောက်​တံ​ခါး​ဝ​သို့ ဆောင်​သွား၍၊ ထို​အ​ရပ်၌ မိန်း​မ​တို့​သည် တ​မ္မု​ဇ​နတ်​အ​ဖို့ ငို​ကြွေး​လျက် ထိုင်​ကြ၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဟော​ရပ်​အ​ရပ်၌​ငါ​မှာ​ထား​သော၊ ငါ့​ကျွန်​မော​ရှေ၏​တ​ရား​တည်း​ဟူ​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို အောက်​မေ့​ကြ​လော့။

အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။

ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။ သို့​သော်​လည်း၊ ရွေ့​လျော့​လျှင်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် ထို​သူ​ကို အား​ရ​နှစ်​သက်​ခြင်း​မ​ရှိ​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ