လဆန်းနေ့၌ အပြစ်မပါသော နွားထီးတစ်ကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။
လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတံတိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
လဆန်းတစ်ရက်နေ့၌၊ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်၊ အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။