ယေဇကျေလ 46:2Judson Bibleမင်းသားသည် ထိုတံခါးမုခ်ဖြင့်ဝင်၍ တံခါးတိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍၊ သူသည် တံခါးခုံ၌ ဦးညွှတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။ သို့ရာတွင်၊ ညဉ့်ဦးယံမရောက်မီ ထိုတံခါးကို မပိတ်ရ။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားမှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သောသူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ်လျက် သီချင်းသည်တို့သည် တူရိယာအမျိုးမျိုးကို ကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကို မြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကုန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။
မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရားအား ပူဇော်သကာ ပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည် ဥပုသ်နေ့၌မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှထွက်သွား၍ တံခါးကို ပိတ်ထားရမည်။