Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 46:18

Judson Bible

ထို​မှ​တစ်​ပါး၊ မင်း​သား​သည် ပြည်​သား​အ​မွေ​မြေ​ကို အ​နိုင်​အ​ထက်​ယူ၍ မြေ​ရှင်​ကို​မ​နှင်​ထုတ်​ရ။ မိ​မိ​ပိုင်​သော မြေ​ထဲ​က မိ​မိ​သား​တို့​အား အ​မွေ​ပေး​ရ​မည်။ ငါ၏​လူ​တို့​သည် မိ​မိ​တို့​ပိုင်​သော အ​မွေ​မြေ၌​မ​နေ​ရ​ဘဲ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် လူ​အ​သက်​ကို​သတ်၍ သူ့​ဥ​စ္စာ​ကို သိမ်း​ယူ​ပြီ​လော။ တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ခွေး​တို့​သည် နာ​ဗုတ်​အ​သွေး​ကို လျက်​သော​အ​ရပ်၌ သင့်​အ​သွေး​ကို​ပင်​လျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

နာ​ဗုတ်​က၊ ဘိုး​ဘေး​လက်​မှ အ​မွေ​ခံ​သော​မြေ​ကို ကိုယ်​တော်​အား ပေး​ရ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်၏။

ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို​ဖမ်း​သွား​တော်​မူ၍၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ လူ​တို့​အ​ဖို့​မ​က၊ ပုန်​ကန်​သော လူ​တို့​အ​ဖို့ ဆု​လာဘ်​များ​ကို ခံ​ရ​တော်​မူ​ပြီ။

ထို​သူ​သည် ဖြောင့်​သော​သ​ဘော​ရှိ​သည်​အ​တိုင်း ကျွေး​မွေး၍၊ လိ​မ္မာ​သော​လက်​နှင့် ပို့​ဆောင်​လေ၏။

မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။

သင်​တို့​သည် အား​နည်း​သော​သိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ နံ​ပါး​နှင့်​လည်း​ကောင်း၊ ပ​ခုံး​နှင့်​လည်း​ကောင်း​တိုး၍ ချို​နှင့်​ခွေ့​သော​ကြောင့်၊

ငါ၏​မင်း​သား​တို့​သည် နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မည်​အ​ကြောင်း၊ ထို​မြေ​သည် ဣ​သ​ရေ​လ​ပြည်၌ မင်း​သား​ပိုင်​သော​မြေ ဖြစ်​ရ​မည်။ ကြွင်း​သော​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ရ​မည်။

ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။-

ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ၌​လာ​သည်​ကား၊ မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို ဖမ်း​သွား​တော်​မူ၍၊ လူ​တို့​အား ဆု​လာဘ်​များ​ကို ပေး​တော်​မူ​သည်​ဟု လာ​သ​တည်း။-

သင်​တို့​လယ်​ကွက်၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ် အ​ကောင်း​ဆုံး​တို့​ကို​ယူ၍ မိ​မိ​ကျွန်​တို့​အား ပေး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ