Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 45:9

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​မင်း​သား​တို့၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လု​ယူ​ခြင်း​အ​မှု​တို့​ကို ပယ်​ရှား၍၊ တ​ရား​သော​အ​မှု ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​ကြ​လော့။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​စွန့်​ပစ်၍၊ မိ​မိ မ​ဆောက်​သော​အိမ်​ကို လု​ယူ​သော​ကြောင့်​လည်း​ကောင်း၊

သင်​သည် မု​ဆိုး​မ​တို့​ကို လက်​ချည်း​လွှတ်​လိုက်၍၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​တို့၏​လက်​ကို ချိုး​ပြီ။

ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်၍ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ ဧည့်​သည်​ဖြစ်​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို မ​တ​ရား​သ​ဖြင့်​မ​ပြု၊ မ​ညှဉ်း​ဆဲ​ကြ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို ဤ​အ​ရပ်၌ မ​ကွပ်​မျက်​ကြ​နှင့်။

စမ်း​ရေ​ပေါက်​ဝ​မှ ရေ​သည် စီး​ထွက်​သ​ကဲ့​သို့၊ ထို​မြို့​သည် ဒု​စ​ရိုက်​ကို ထွက်​စေ​တတ်၏။ မြို့​ထဲ၌ လု​ယူ​ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။ အ​နာ​များ​နှင့် ဒဏ်​ချက်​ရာ​များ​ကို အ​စဉ်​ငါ​မြင်​ရ၏။

ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊

ညှဉ်း​ဆဲ​ခြင်း အ​မြစ်​မှ အ​ပြစ်​တံ​ဖျာ ပေါက်​လေ​ပြီ။ သူ​တို့​အ​စည်း​အ​ဝေး၊ သူ​တို့​ပ​ရိ​သတ် တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ။ သူ​တို့​အ​ဖို့ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။

သံ​ကြိုး​ကို လုပ်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ညှဥ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့် ပြည့်၏။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို မြင်​ပြီ​လော။ ယု​ဒ​အ​မျိုး​သည် ဤ​အ​ရပ်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို ပြု​သော​အ​ပြစ် ပေါ့​သ​လော။ သူ​တို့​သည် အ​ဓ​မ္မ​မှု​ဖြင့် တစ်​ပြည်​လုံး​ကို ပြည့်​စေ၍ ငါ၏​အ​မျက်​ကို အ​ထပ်​ထပ် နှိုး​ဆော်​ကြ​ပြီ။ သစ်​ခက်​ကို​လည်း မိ​မိ​တို့​နှာ​ခေါင်း​ဝ၌ ကပ်၍​ကိုင်​ကြ၏။

ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။

တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ရေ​ကဲ့​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို မ​ပြတ်​စီး​သော မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း စီး​စေ​ကြ​လော့။

ငါ့​လူ​တို့၏​မ​ယား​များ​ကို သူ​တို့​သာ​ယာ​သော နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ သူ​တို့​သား​များ​မှ ငါ၏​ဘုန်း​ကို အ​စဉ်​နုတ်​ယူ​ကြ​ပြီ။

မ​တ​ရား​သော​သူ​တို့၏​အိမ်၌ မ​တ​ရား​သ​ဖြင့် ဆည်း​ပူး​သော ဥ​စ္စာ​နှင့်၊ ရွံ​ရှာ​ဖွယ်​သော တင်း​တောင်း​ငယ် ရှိ​သေး​သ​လော။

တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။

သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။

စစ်​သူ​ရဲ​တို့​က​လည်း အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​ကို​မျှ အ​နိုင်​အ​ထက် မ​ပြု​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ မ​လျှပ်​ကြ​နှင့်။ ကိုယ်​ရ​သော​အ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့​ဟု ပြန်​ပြော၏။

သာ​သ​နာ​ပ​လူ​တို့၏ အ​လို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ကာ​မ​တပ်​မက်​ခြင်း၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း၊ ပွဲ​လုပ်​ခြင်း၊ သောက်​ကြူး​ခြင်း၊ အ​ဓ​မ္မ​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း၌ ကျင်​လည်၍၊ ငါ​တို့​လွန်​စေ​ပြီး​သော အ​သက်​ကာ​လ​သည် ငါ​တို့​အား လောက်​ပေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ