ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တစ်ကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တစ်ဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တစ်ကောရသည် ဆယ်ဗတ်ဖြစ်သတည်း။
ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
ငွေအခွက် တစ်ထောင်၊ ဂျုံဆန်ကောရ တစ်ရာ၊ စပျစ်ရည်ဗတ် တစ်ရာ၊ ဆီဗတ် တစ်ရာနှင့်တကွ ဆားမည်မျှမဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ် အမိန့်တော်ရှိ၏။
ချီးမြှောက်ရာ ပူဇော်သကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တစ်ဟောမဲတွင် တစ်ဩမဲကို ပူဇော်ရမည်။
သူတို့အပြစ်ကို ဖြေခြင်းငှာ ဣသရေလကျက်စားရာ၊ ရေများသောအရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တစ်ကောင်ကို ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။