ဧဖာနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကို အမှီပြု၍၊ ဧဖာသည် တစ်ဟောမဲတွင် ဆယ်စုတစ်စု၊ ဗတ်သည်လည်း တစ်ဟောမဲတွင် ဆယ်စုတစ်စုရှိရမည်။
ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
ဩမဲမူကား၊ ဧဖာဆယ်စုတစ်စုဖြစ်သတည်း။
အကြောင်းမူကား၊ စပျစ်ဥယျာဉ်တစ်ပယ်သည် စပျစ်ရည်တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာရကြလိမ့်မည်။
လူများတို့သည် တစ်နေ့လုံး၊ တစ်ညလုံး၊ နက်ဖြန်လည်းတစ်နေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်းသိမ်းသောသူသည် ဆယ်ဟောမဲကိုသိမ်းရ၏။ တပ်ပတ်လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။