Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 45:1

Judson Bible

သင်​တို့​သည် မြေ​ကို အ​မွေ​ခံ​ခြင်း​ငှာ စာ​ရေး​တံ​ချ၍ ပိုင်း​ခြား​သော​အ​ခါ၊ သန့်​ရှင်း​သော​မြေ​တစ်​ကွက်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ကြ​မည်။ ထို​အ​ကွက်​သည် အ​လျား​ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ နယ်​နိ​မိတ်​ရှိ​သ​မျှ​သည်​လည်း သန့်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။

တိုင်း​စ​ရာ​ကျူ​လုံး​နှင့် အ​ရှေ့​မျက်​နှာ​ကို​တိုင်း​လျှင် ကျူ​လုံး​အ​ပြန် ငါး​ရာ​ရှိ၏။

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ဝေ​ရ​သော​မြေ၊ ဤ​ရွေ့​ကား၊ သူ​တို့​ပိုင်း​ခြား၍ နေ​ရ​သော ခ​ရိုင်​အ​သီး​အ​သီး​ဖြစ်​သ​တည်း​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။

မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။

လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

ခါ​နာန်​ပြည်၌​လည်း ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည် အ​မွေ​ဝေ​ဖန်၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။

မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ