Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 43:3

Judson Bible

ငါ​မြင်​သော ရူ​ပါ​ရုံ​သည် မြို့​တော်​ကို​ဖျက်​ဆီး​ခြင်း​ငှာ လာ​သော​အ​ခါ၊ ငါ​မြင်​သော ရူ​ပါ​ရုံ​နှင့်​တူ၏။ ထင်​ရှား​သော​အ​ရာ​တို့​သည် ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော အ​ရာ​များ​ကဲ့​သို့​ဖြစ်၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကြည့်​ရှု​လော့။ သင်​သည် နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​မှောက်​လှဲ​ရ​သော​အ​ခွင့်၊ တည်​ဆောက်​စိုက်​ပျိုး​ရ​သော​အ​ခွင့်​နှင့် သင့်​ကို လူ​အ​မျိုး​မျိုး​တို့၏ တိုင်း​နိုင်​ငံ​များ​အ​ပေါ်​မှာ ယ​နေ့​ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

ငါ​သည် ထ၍ လွင်​ပြင်​သို့​သွား၏။ ရောက်​သော​အ​ခါ​ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ရပ်​တော်​မူ၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။

အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊

ထို​အ​ခါ အိမ်​တော်​ရှေ့၊ မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ဆောင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ဖြည့်​တော်​မူ​သ​ဖြင့်၊ ငါ​သည်​ပျပ်​ဝပ်​လျက်​နေ၏။

လွင်​ပြင်၌ အ​ရင်​ငါ​မြင်​ဖူး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ထင်​ရှား၏။

ဖျက်​ဆီး​သော လက်​နက်​ကို အ​သီး​အ​သီး​ကိုင်​လျက်၊ ဤ​မြို့​ခံ​ရ​သော ဒဏ်​တို့​ကို အ​နီး​သို့​ဆောင်​ခဲ့​ကြ​လော့​ဟု ကျယ်​သော​အ​သံ​နှင့် ခေါ်​တော်​မူ​သည်​ကို ငါ​ကြား၏။

ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ကျိန်း​ဝပ်​ရာ​ခေ​ရု​ဗိမ်​မှ အိမ်​တော်​တံ​ခါး​ခုံ​သို့ တက်၍၊ ပိတ်​အ​ဝတ်​ကို​ဝတ်​လျက်၊ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​ကို​ခေါ်၍၊

အ​ခြား​သော သူ​တို့​အား​လည်း၊ ထို​သူ​နောက် မြို့​ထဲ၌​လျှောက်​သွား၍ ဒဏ်​ခတ်​ကြ​လော့။ နှ​မြော​စုံ​မက်​ခြင်း မ​ရှိ​ကြ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ