ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်းစင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာပြုရမည်။
တစ်ဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းချီးပေးတော်မူစေခြင်းငှာ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။
နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသောအားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ်ကိုယူ၍၊ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ ယဇ်ပလ္လင်ကို နွားအသွေးနှင့် သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်းစေရမည်။
ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင်၊ ဆိတ်တစ်ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ်မရှိ၊ ပျိုသောနွားထီးတစ်ကောင်နှင့် သိုးထီးတစ်ကောင်ကိုလည်း ပူဇော်ရမည်။
ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌လည်းကောင်း၊ ထိုနေ့မှစ၍လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိတ်သဟာယယဇ်များကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။
သင်တို့ကို အရာ၌ခန့်ထားရာ ကာလခုနစ်ရက်မစေ့မီ ပရိသတ်စည်းဝေးရာ တဲတော်တံခါးပြင်သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ခန့်ထားခြင်းမင်္ဂလာကို ဆောင်ရကြမည်။
ယနေ့ပြုသည်အတိုင်း သင်တို့အဖို့ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း ထာဝရဘုရားမှာထားတော်မူပြီ။