Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 43:18

Judson Bible

တစ်​ဖန် အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍ အ​သွေး​ကို​ဖျန်း​ဖို့​ရာ၊ ယဇ်​ပ​လ္လင်​ကို​တည်​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ​ထား၍၊ ထို​ပ​လ္လင်​ပေါ်၌ မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း ပူ​ဇော်​လေ၏။

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​သည်​မြင်​သော​အ​ခါ ပျပ်​ဝပ်​လျက်​နေ၏။ တစ်​ဦး​သော​သူ​က​လည်း၊ အ​ချင်း​လူ​သား၊ မတ်​တတ်​နေ​လော့။ သင့်​အား ငါ​ပြော​မည်​ဟု ငါ့​အား​ဆို​သံ​ကို ငါ​ကြား၏။

ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။

ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။

အ​ကြောင်း​မူ​ကား၊ အ​ညစ်​အ​ကြေး​ရှိ​သော သူ​တို့​အ​ပေါ်၌ ဖျန်း​သော​နွား​အ​သွေး၊ ဆိတ်​အ​သွေး၊ နွား​မက​လေး၏​ပြာ​သည်၊ သူ​တို့​ကိုယ်​ခ​န္ဓာ၌ စင်​ကြယ်​ခြင်း​ကို ပြု​နိုင်​သည်​မှန်​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ