Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 43:17

Judson Bible

အောက်​အ​ထစ်​သည်​လည်း စ​တု​ရန်း​ဖြစ်၍ အ​လျား တစ်​ဆယ်​လေး​တောင်၊ အ​နံ​လည်း တစ်​ဆယ်​လေး​တောင် ရှိ​ရ​မည်။ အ​နား​ပတ်​သည်​လည်း အ​ကျယ်​တစ်​ထွာ​ရှိ​ရ​မည်။ ဖိ​နပ်​သည် ယဇ်​ပ​လ္လင်​ပတ်​လည်၌ တစ်​တောင်​ထွက်၍၊ တက်​ရာ​လမ်း​သည် အ​ရှေ့​သို့ မျက်​နှာ​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ၊ မျိုး​စေ့​နှစ်​တင်း​လောက်​ဝင်​နိုင်​သော​ကျုံး​ကို ယဇ်​ပ​လ္လင်​ပတ်​လည်၌ တူး​လေ၏။

အောက်​အ​ခန်း​ထဲ​သို့​ဝင်​သော တံ​ခါး​ဝ​သည် အိမ်​တော်​လက်​ယာ​ဘက်​မှာ ရှိ၏။ လိမ်​သော​လှေ​ကား​ဖြင့် အ​လယ်​အ​ခန်း​သို့​လည်း​ကောင်း၊ အ​လယ်​အ​ခန်း​မှ အ​ထက်​အ​ခန်း​သို့​လည်း​ကောင်း၊ တက်​ရ၏။

ထို​အ​ခါ လေ​ဝိ​သား​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗု​န္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ၊ ခေ​န​နိ​တို့​သည် ပ​လ္လင်​ပေါ်​မှာ​ရပ်၍၊ သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။

သင်၌ ရှက်​စ​ရာ​အ​ကြောင်း မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​သို့ လှေ​ကား​ဖြင့်​မ​တက်​ရ​ဟု မိန့်​တော်​မူ၏။

အ​နံ​လက်​တစ်​ဝါး​ရှိ​သော ခါး​ပန်း​ကို​လည်း​ကောင်း၊ ခါး​ပန်း​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း လုပ်​ရ​မည်။

ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့်​မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။

ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။

အောက်​အ​ထစ်​သည် မြေ​နှင့်​နှစ်​တောင်​ကွာ၍ အ​ကျယ်​တစ်​တောင်​ရှိ​ရ​မည်။ ငယ်​သော​အ​ထစ်​နှင့် ကြီး​သော​အ​ထစ်​သည် လေး​တောင်​ကွာ၍ အ​ကျယ်​တစ်​တောင် ရှိ​ရ​မည်။

နွား​အ​သွေး​အ​ချို့​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို လေး​ချောင်း၊ အ​ထစ်​လေး​ထောင့်၊ အ​နား​ပတ်​ကို​လူး​သော​အား​ဖြင့် သန့်​ရှင်း​စင်​ကြယ်​စေ​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် အ​သွေး​အ​ချို့​ကို​ယူ၍ အိမ်​တော်​တိုင်၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင် အောက်​ထစ် လေး​ထောင့်၌​လည်း​ကောင်း၊ အ​တွင်း​တံ​တိုင်း တံ​ခါး​တိုင်၌​လည်း​ကောင်း ထည့်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ