အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတံတိုင်းကဲ့သို့ တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက် သာ၍ကျဉ်းကြ၏။
အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ယာဘက်မှာ ရှိ၏။ လိမ်သောလှေကားဖြင့် အလယ်အခန်းသို့လည်းကောင်း၊ အလယ်အခန်းမှ အထက်အခန်းသို့လည်းကောင်း၊ တက်ရ၏။
ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်း သုံးဆယ်သုံးလီရှိကြ၏။ ထိုအခန်းတို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲ ထရံအောက်ပိုင်းထွက်သောခြေအပေါ်မှာ မှီနေကြ၏။
အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။