အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
ယဇ်ပုရောဟိတ်တံတိုင်း၊ ပြင်တံတိုင်းကြီး၊ တံတိုင်းတံခါးရွက်များကိုလည်း လုပ်၍ တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။
အိမ်တော်ပြင်ပတ်လည်၌ တံတိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင်ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတံတိုင်းကိုတိုင်း၍ အထုကျူတစ်ပြန်၊ အမြင့်လည်း ကျူတစ်ပြန်ရှိ၏။
လွတ်လပ်သောအရပ်၌ ကာသောရှေ့တံတိုင်းနှင့် နောက်တံတိုင်းကို တိုင်း၍၊ တစ်ဖက်တစ်ချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တစ်ရာရှိ၏။
ထိုနောက်မှ အရှေ့ဘက်သို့မျက်နှာပြုသော တံခါးဝသို့ တစ်ဖန်ခေါ်သွား၏။
ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။