လွတ်လပ်သောအရပ်၌ ကာသောရှေ့တံတိုင်းနှင့် နောက်တံတိုင်းကို တိုင်း၍၊ တစ်ဖက်တစ်ချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တစ်ရာရှိ၏။
ငါတို့ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်းရှူးပင်ဖြင့် ပြီးသတည်း။
သင်၏ဦးခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက်ရှိတော်မူ၏။
လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက်ဘက်၌ရှိသော တံတိုင်းသည် အလျား အတောင်ခုနစ်ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တံတိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
ထိုသို့ အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တံတိုင်းပါလျက် အလျား အတောင်တစ်ရာရှိ၏။
အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦးအတိုင်းအရှည်လည်း အတောင်တစ်ရာရှိ၏။
အတွင်းဗိမာန်နှင့် တံတိုင်းမုခ်များ၊ တံခါးခုံများ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တစ်ဖက်တစ်ချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့် ဖုံးအုပ်လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင်ဘက်၊ အိမ်တော်အတွင်းပြင် ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တံတိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
အိမ်တော်တောင်ဘက်၊ လွတ်လပ်သောအရပ်ကိုကာသော တံတိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
အတောင်နှစ်ဆယ်ရှိသော အတွင်းတံတိုင်းရှေ့၊ ပြင်တံတိုင်း ကျောက်ခင်းရှေ့တွင် တစ်ဖက်တစ်ချက်၌ နံရံအခန်း သုံးဆင့်ရှိ၏။
အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
သင်သည် ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်၊ ငါ့အိမ်ကို စီရင်ရသောအခွင့်၊ ငါ့ တံတိုင်းတို့ကို စောင့်ရသောအခွင့် ရှိလိမ့်မည်။ ရှေ့တော်၌ရပ်နေသော သူအချို့တို့ကို၊ သင့်အား လမ်းပြရသောသူ ဖြစ်မည်အကြောင်း ငါခန့်ထားမည်။