Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:45

Judson Bible

တောင်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ အိမ်​တော်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​နှင့် သူ၏​သား​စဉ်​မြေး​ဆက် မူ​ကား၊ ယဇ်​ကောင်​ကို မီး​ရှို့​ရာ​ပ​လ္လင်​နှင့်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​လျက်၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​မှု​အ​လုံး​စုံ​ကို စောင့်​လျက်၊ ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ မှာ​ထား​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ရ​သော​သူ ဖြစ်​ကြ၏။

ထို​သူ၏ သား​စဉ်​မြေး​ဆက်​တို့​သည် တဲ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ တံ​ခါး​စောင့်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဉ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ညဉ့်​ယံ​စောင့်​သော ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ထို​နောက်၊ ငါ့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ သွင်း၍ အ​ခန်း​များ​ကို ငါ​မြင်၏။ ကျောက်​ခင်း​လည်း​ရှိ၏။ ကျောက်​ခင်း​အ​ပေါ်​မှာ အ​ခန်း​သုံး​ဆယ်​ရှိ၏။

မီး​ရှို့​သော ယဇ်​ကောင်​ကို ရေ​နှင့် ဆေး​ကြော​စ​ရာ​အ​ခန်း​များ၊ အ​ခန်း​ဝင်​ဝ​များ​တို့​သည် ထို​တံ​ခါး​မုခ်၌ ရှိ​ကြ၏။

သို့​ရာ​တွင်၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​ဆိုင်​သော​အ​မှု​စောင့်​ဖြစ်၍၊ ဗိ​မာန်​တော်၌​တံ​ခါး​တို့​ကို စောင့်​လျက်၊ အ​မှု​တော်​ကို ဆောင်​ရွက်​လျက် နေ​ရ​ကြ​မည်။ မီး​ရှို့​ရာ​ယဇ်​နှင့် လူ​များ​ပူ​ဇော်​သော ယဇ်​ကောင်​တို့​ကို​သတ်၍၊ လူ​များ​ကိုယ်​စား အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ​မည်။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သန့်​ရှင်း​သော​မြေ​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သန့်​ရှင်း​ရာ​ဌာ​န၏​အ​မှု​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။ သူ​တို့​အိမ်​ဆောက်​စ​ရာ​နှင့် သန့်​ရှင်း​ရာ​ဌာ​န တည်​စ​ရာ​ဖို့ သန့်​ရှင်း​သော​မြေ​ဖြစ်​ရ​မည်။

အ​ချင်း​လူ​သား၊ မြောက်​လမ်း​သို့ မျှော်​ကြည့်​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မြောက်​လမ်း​သို့ ငါ​မျှော်​ကြည့်၍၊ မြောက်​မျက်​နှာ၊ ယဇ်​ပ​လ္လင်​တံ​ခါး​ဝ၌​အ​မျက်​တော်​ကို နှိုး​ဆော်​သော​ရုပ်​တု​ရှိ၏။

ထို​ကြောင့် သင်​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ၊ ခု​နစ်​ရက်​ပတ်​လုံး​နေ့​ည​မ​ပြတ်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို စောင့်​ရ​ကြ​မည်။ ထို​သို့ ငါ့​အား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆင့်​ဆို​သည်​ဖြစ်၍၊

နောက်​တစ်​ဖန်​အ​မျက်​တော်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ယဇ်​ပ​လ္လင်​ကို စောင့်​ရ​ကြ​မည်။

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား​ဧ​လာ​ဇာ​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ကို အုပ်၍ တဲ​တော်​စောင့်​သော​သူ​တို့​ကို ကြည့်​ရှု​စီ​ရင်​ရ​မည်။

မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ အာ​ရုန်၏​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​စောင့်​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ရှေ့​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ သူ​တို့​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော​သူ​သည်​ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

အို တိ​မော​သေ၊ သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။-

မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ