Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:39

Judson Bible

မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​ကို သတ်​စ​ရာ​ဖို့၊ တံ​ခါး​မုခ်​အ​တွင်း တစ်​ဖက်​တစ်​ချက်၌ စား​ပွဲ​နှစ်​ခု​စီ ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။

ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။

မြောက်​တံ​ခါး​ဝ​သို့ တက်​ရာ​တံ​ခါး​မုခ်၊ ပြင်​အ​နား တစ်​ဖက်​တစ်​ချက်၌​လည်း စား​ပွဲ​နှစ်​ခု​စီ​ရှိ​သည်​ဖြစ်၍၊

တံ​ခါး​ဝ တစ်​ဖက်​တစ်​ချက်၌ ယဇ်​ကောင်​ကို​သတ်​စ​ရာ စား​ပွဲ​လေး​ခု​စီ၊ ပေါင်း​ရှစ်​ခု​ရှိ​ကြ၏။

မီး​ရှို့​ရာ​ယဇ်​ဖို့ စား​ပွဲ​လေး​ခု​တို့​သည် ဆစ်​သော​ကျောက်​ဖြင့်​ပြီး၍၊ အ​လျား တစ်​တောင်​တစ်​ထွာ၊ အ​နံ တစ်​တောင်​တစ်​ထွာ၊ အ​မြင့် တစ်​တောင်​ရှိ၏။ ထို​စား​ပွဲ​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​စ​ရာ​တန်​ဆာ​များ​ကို တင်​ထား​ရ​ကြ၏။

သစ်​သား​ယဇ်​ပ​လ္လင်​သည် အ​မြင့်​သုံး​တောင်၊ အ​လျား​နှစ်​တောင်၊ အ​နံ​နှစ်​တောင်​ရှိ၏။ ပ​လ္လင်​ထောင့်၊ ဖိ​နပ်၊ နံ​ရံ​တို့​သည် သစ်​သား​ဖြင့်​ပြီး​ကြ၏။ ဤ​စား​ပွဲ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ တင်​သော စား​ပွဲ​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။

တိုင်း​သော​သူ​က​လည်း၊ လွတ်​လပ်​သော​အ​ရပ်​ရှေ့​မှာ မြောက်​ခန်း​နှင့် တောင်​ခန်း​တို့​သည် သန့်​ရှင်း​သော​အ​ခန်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ​ကို စား​ရ​သော​အ​ခန်း ဖြစ်​ကြ၏။ ထို​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့် အ​လွန်​သန့်​ရှင်း​သော​အ​ရာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တို့​ကို ထား​ရာ​အ​ရပ်​ဖြစ်၏။

ထို​သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍ ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ ငါ့​စား​ပွဲ​အ​နား​သို့ ချဉ်း​ကပ်၍ ငါ့​အ​မှု​စောင့်​ဖြစ်​ရ​ကြ​မည်။

မင်း​သား​သည် ထို​တံ​ခါး​မုခ်​ဖြင့်​ဝင်၍ တံ​ခါး​တိုင်​အ​နား​မှာ ရပ်​နေ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မင်း​သား​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်၍၊ သူ​သည် တံ​ခါး​ခုံ၌ ဦး​ညွှတ်​ချ​ပြီး​မှ ပြင်​သို့​ထွက်​သွား​ရ​မည်။ သို့​ရာ​တွင်၊ ညဉ့်​ဦး​ယံ​မ​ရောက်​မီ ထို​တံ​ခါး​ကို မ​ပိတ်​ရ။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။

ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ဖြစ်​သ​တည်း။ အ​ကယ်​စင်​စစ် ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​ရောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့​ရ​မည်။

သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​တော်​သည် ညစ်​ညူး၏။ တင်​ထား​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သည် ယုတ်​မာ၏​ဟု ဆို​သော​ကြောင့် စား​ပွဲ​တော်​ကို ရှုတ်​ချ​ကြ​ပြီ။

ညစ်​ညူး​သော​အ​စာ​ကို ငါ့​ယဇ်​ပ​လ္လင်​သို့ ဆောင်​ခဲ့​ကြ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ရှုတ်​ချ​ပါ​သ​နည်း​ဟု မေး​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​သည် ယုတ်​မာ၏​ဟု​ဆို​သော​ကြောင့် ငါ့​ကို ရှုတ်​ချ​ကြ​ပြီ။

သင်​တို့​သည် ငါ၏​နိုင်​ငံ​တွင် ငါ့​စား​ပွဲ၌ စား​သောက်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍ ဣ​သ​ရေ​လ​လူ​တစ်​ဆယ်​နှစ်​မျိုး​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့​အား ပေး​မည်​ဟု မိန့်​တော်​မူ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ