တောင်မျက်နှာ၌ အတွင်းတံတိုင်းတံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတစ်ခုမှသည် တစ်ခုတိုင်အောင်တိုင်း၍ အတောင်တစ်ရာ ကွာ၏။
ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တံတိုင်းပြင်ဘက်ဦးတိုင်အောင် တိုင်း၍၊ အရှေ့မျက်နှာ၌ အတောင်တစ်ရာကွာ၏။
အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါးမျက်နှာချင်းဆိုင်အတွင်း တံတိုင်းတံခါးဝရှိ၏။ တံခါးဝတစ်ခုနှင့် တစ်ခု အတောင်တစ်ရာကွာ၏။
အရှေ့ဘက်၌လည်း အတွင်းတံတိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
တစ်ဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
အတွင်းတံခါးပြင်မှာ အတွင်းတံတိုင်း၌ အခန်းနှစ်ခုကို ငါမြင်၏။ တစ်ခန်းကား၊ မြောက်တံခါးအနားမှာရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တစ်ခန်းကား၊ တောင်တံခါးအနားမှာရှိ၍ မြောက်ဘက်သို့မျက်နှာပြု၏။
ထိုအခါ တံတိုင်းကိုတိုင်း၍ အလျား အတောင်တစ်ရာ၊ အနံ အတောင်တစ်ရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။