လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ တစ်ဖက်တစ်ချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
ပြတင်းပေါက်၊ မုခ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။
အခန်းငယ်များ၊ တိုင်များ၊ မုခ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌လည်းကောင်း၊ မုခ်များ၌လည်းကောင်း ပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
မုခ်တို့သည် ပြင်တံတိုင်းသို့မျက်နှာပြု၍၊ တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့် တက်ရ၏။
ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတစ်ပြန်စီရှိ၏။
ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလပတ်လုံး ဘုန်းအသရေ ရှိတော်မူစေသတည်း။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင်ပြီး၏။