Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:25

Judson Bible

အ​ရင်​ပြ​တင်း​ပေါက်​ကဲ့​သို့ ပြတင်း​ပေါက်​များ၊ မုခ်​များ​ရှိ၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​လင်း​ဝင်​စ​ရာ ပြ​တင်း​ပေါက်​သုံး​တန်း​စီ အ​ဆင့်​ဆင့်​မျက်​နှာ​ချင်း​ဆိုင်​လျက် တစ်​ဖက်​တစ်​ချက်၌ ရှိ​ကြ၏။

အ​ခန်း​များ၊ တံ​ခါး​အ​တွင်း​ပတ်​လည်​တိုင်​များ၊ တံ​ခါး​မုခ်​များ အ​တွင်း​ဘက်၌ ကျဉ်း​သော​ပြတင်း​ပေါက်​များ​ရှိ၏။ တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။

အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား​အ​တောင် ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။

အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။

အ​တွင်း​ဗိ​မာန်​နှင့် တံ​တိုင်း​မုခ်​များ၊ တံ​ခါး​ခုံ​များ၊ ကျဉ်း​သော​ပြတင်း​ပေါက်​များ၊ တံ​ခါး​ခုံ​ရှိ​သ​မျှ တစ်​ဖက်​တစ်​ချက်​သုံး​ဆင့်​ရှိ​သော ထ​ရံ​အ​ခန်း​နံ​ရံ​များ​တို့​သည် မြေ​မှ​ပြတင်း​ပေါက်​တိုင်​အောင် ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လျက်​ရှိ၏။ ပြတင်း​ပေါက်​တို့​သည်​လည်း ကွယ်​ကာ​လျက် ရှိ​ကြ၏။

ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။-

ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။-

ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ