ပြင်တံခါးဝမှသည် အတွင်းတံခါးမုခ်ဝတိုင်အောင် အတောင်ငါးဆယ်ရှိ၏။
ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ ကရုဏာပလ္လင်ထားရာအခန်း၏ပုံကိုလည်းကောင်း၊
တံခါးပတ်လည် တံတိုင်းအတွင်း၊ ထောင့်တိုင်အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။
အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
အခန်းတို့သည် တစ်ဖက်တစ်ချက်၌ သုံးခန်းစီရှိ၏။ တိုင်များ၊ မုခ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။