ယေဇကျေလ 39:7Judson Bibleထိုသို့ ငါ၏နာမမြတ်ကို ငါ၏လူ ဣသရေလအမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တစ်ဖန် သူတို့သည် ငါ၏နာမမြတ်ကို မရှုတ်ချရကြ။ ငါသည် ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်းကို တစ်ပါးအမျိုးသားတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင့်ကို ညှဉ်းဆဲသောသူတို့ကို သူတို့၏အသားနှင့် ငါကျွေးမည်။ ချိုသောစပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်လည်းကောင်း၊ သင်၏ဘုန်းကို ပွင့်စေသော၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်လည်းကောင်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦး ပြုကြလိမ့်မည်။
အို ဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီး မိမိတို့ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တစ်ဖန် ငါ့စကားကိုနားမထောင်သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။
ပြည်ကို မိုးအုံ့သကဲ့သို့ ငါ၏လူ ဣသရေလအမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တစ်ဖက်၌ သင့်ကို ငါဆောင်ခဲ့မည် မဟုတ်လော။ အကြောင်းမူကား၊ အို ဂေါဂ၊ လူအမျိုးမျိုးတို့မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည် အကြောင်းတည်း။