Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 39:4

Judson Bible

သင်​နှင့် သင်၌​ပါ​သော တပ်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ လဲ၍​သေ​ကြ​လိမ့်​မည်။ သင့်​ကို အ​မျိုး​မျိုး​သော ငှက်​ရဲ၊ သား​ရဲ​တို့ ကိုက်​စား​စ​ရာ​ဖို့ ငါ​အပ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်​ဆို၍​မိန့်​တော်​မူ​သည်​ကား၊

ငါ၏​မြေ​ပေါ်​မှာ အာ​ရှု​ရိ​မင်း​ကို ငါ​နှိပ်​စက်​မည်။ ငါ၏​တောင်​ရိုး​ပေါ်​မှာ ခြေ​ဖြင့်​ကျော်​နင်း​မည်​ဟု ငါ​ကြံ​စည်​သည်​အ​တိုင်း​ဖြစ်၍၊ ငါ​စီ​ရင်​ချက်​လည်း တည်​ရ​လိမ့်​မည်။ ထို​အ​ခါ သူ၏​ထမ်း​ပိုး​ကို သူ​တစ်​ပါး​အ​ပေါ်​က​ရွှေ့၍၊ သူ​တို့​ပ​ခုံး​ပေါ်​မှာ တင်​သော​ဝန်​ကို ချ​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။

သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မြေ​ကြီး​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် နှံ့​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို မ​မြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

သင်​နှင့် သင့်​မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​ကို တော၌ ငါ​ပစ်​ထား​မည်။ လွင်​ပြင်၌​ကျ၍ နောက်​တစ်​ဖန် စု​ဝေး​ခြင်း​ကို​မ​ပြု​ရ။ တော​သား​ရဲ​များ၊ မိုး​ကောင်း​ကင်​ငှက်​များ စား​စ​ရာ​ဖို့ သင့်​ကို​ငါ​အပ်၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ပျက်​စီး​သော အ​ရပ်၌​နေ​သော သူ​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​လိမ့်​မည်။ လွင်​ပြင်၌​ရှိ​သော သူ​တို့​ကို ငါ​သည်​သား​ရဲ၌​အပ်၍ ကိုက်​စား​စေ​မည်။ ရဲ​တိုက်​ဥ​မင်၌​ရှိ​သော သူ​တို့​သည် ကာ​လ​နာ​နှင့် သေ​ရ​ကြ​လိမ့်​မည်။

သင်၏​တောင်​တို့​ကို​လည်း သင်၏​သူ​ရဲ အ​သေ​ကောင်​တို့​နှင့် ငါ​ပြည့်​စေ​မည်။ သင့်​နေ​ရာ​ကုန်း၊ ချိုင့်၊ မြစ်​နား၌ ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​သည် ရှိ​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​တောင်​များ အ​ရပ်​ရပ်​တို့​တွင် သူ့​တစ်​ဖက်၌ ဓား​ကို ငါ​မှာ​လိုက်​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ဓား​နှင့် ခုတ်​ကြ​လိမ့်​မည်။

သင်​သည် လွင်​ပြင်၌​လဲ၍ သေ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြင်း​စီး​သူ​ရဲ​သည် မီး​တောက်​သော​ဓား၊ လျှပ်​စစ်​ပြက်​သော လှံ​ကို​ချီ​လျက်၊ တိုက်​သော​သူ​ရဲ​အ​များ​နှင့် သေ​သော​သူ အ​ပုံ​ပုံ​ရှိ​ကြ၏။ အ​သေ​ကောင်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ လူ​သေ​ကောင်​များ​ကို ထိ​မိ၍ လဲ​တတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ