ယေဇကျေလ 39:17Judson Bibleအချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး၍လာကြလော့။ ဣသရေလတောင်တို့အပေါ်၌ သင်တို့အဖို့ ငါစီရင်သောယဇ်ပွဲကြီးသို့ အရပ်ရပ်တို့ကစည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှာ လာကြလော့။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက် ဖြစ်သည်နှင့်အညီ၊ ဓားတော်သည် ကိုက်စား၍ ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာအကြောင်းရှိ၏။
ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။
ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကိုစားအံ့သောငှာ မတက်မီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ချင်းတွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဖိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့်မည်ဟု ပြန်ပြောသည်နှင့်အညီ၊